Wednesday, February 29, 2012

ငါးမင်းဆွေ သုံးခွမြို့ မှာ ဒေါ်စု နှင့် NLD ကို သိက္ခာကျ အကြည်ညိုပျက်အောင် ရေးသားထားသည့် စာရွက်များ လိုက်လံဖြန့် ဝေ
ငါးမင်းဆွေ သုံးခွမြို့ စာရွက်လိုက်ဖြန့် နေပုံ
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းနှင့် ၂၉ ရက်နေ့ မနက် ၁၀း၀၀ အချိန်ထိ ငါးမင်းဆွေမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို သိက္ခာကျ အကြည်ညိုပျက်အောင် ရေးသားထားသည့် စာရွက်များကို သုံးခွမြို့နယ်မှ ဒေသခံ ပြည်သူလူထုတွေကို လိုက်လံ ဝေငှနေပါတယ်။ 

ငါးမင်းဆွေက လိုက်လံ ဝေငှနေတာကို သုံးခွမြို့နယ် ဒေသခံတွေက လက်မခံပဲ ဆဲဆိုကြိမ်းမောင်းမှု ရှိသော်လည်း သူက အလေးမထားပဲ ဆက်လက် ဝေငှနေပါတယ်။ ငါးမင်းဆွေကို သုံးခွမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သွားရောက် တားဆီးတဲ့အခါမှာ ငါးမင်းဆွေက သူဟာ မီဒီယာသမားတဦး ဖြစ်တဲ့အတွက် အခုလို လိုက်လံဝေငှနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 အခုလို လိုက်လံဝေငှနေတာကို ကန့်ကွက်သည့် စာကို သုံးခွမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တဆင့် ရွေးကောက်ပွဲ ကော်မရှင်ထံ ဒီကနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ တရားဝင် တင်သွင်းသွားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment