Tuesday, February 28, 2012

Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းနှင့် ဂျပန်နိုင်ငံသားတို့ အပြန်အလှန် တရားစွဲဆိုထားသည့် အမှုကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်စစ်ဆေးမည် orchid

ဖေဖော်ဝါရ်ီလ ၂၂ ရက်နေ့က ပုဇွန်တောင်မြို့နယ် တရားရုံးမှ ပြန်လည် ထွက်ခွာလာသော ဂျပန်နိုင်ငံသားအား တွေ့ရစဉ်
Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းတစ်ဦးနှင့် ဂျပန်နိုင်ငံ သားတို့နှစ်ဦး အပြန်အလှန် အမှုဖွင့်ပြီး တရားစွဲဆိုထားသည့် ဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပုဇွန်တောင် တရားရုံးမှ စတင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင် တရားရုံးမှ အဆိုပါဖြစ်စဉ်မှ တရားခံ၊ တရားလိုများ ကိုတရားရုံးသို့ ဖေဖော်ဝါရီလ ၂၂ ရက်ကခေါ်ယူခဲ့သော်လည်း နှစ်ဖက်အကျိုးဆောင်မည့် ရှေ့နေ့များ က ကိုယ်စားလှယ်အဖြစ်လိုက်ပါ ဆောင်ရွက်ရန် တရားရုံးသို့ လျှောက်ထားခဲ့ ခြင်း၊ စကားပြန်များ ထားရှိရန်နှင့် ပတ်သက်သည့် အကြောင်းရင်းများကြောင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့၌ စတင်စစ်ဆေးရန် ချိန်းဆိုခဲ့ကြောင်း 


ပုဇွန်တောင်တရားရုံးနှင့် ရှေ့နေ့ထံမှ သိရှိရသည်။
မြန်မာအမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်.... (၂၄)နှစ်မှ ဂျပန်နိုင်ငံသား ....(၅၇)နှစ်ကို အမှုဖွင့်ပြီး၊ တရားစွဲဆိုရခြင်း၏ အကြောင်းရင်းမှာ အဆိုပါ ဂျပန်နိုင်ငံသားက ဟိုတယ်သို့ ပြင်ပ မှမိန်းကလေးငယ်တစ်ဦးကို ခေါ်ဆောင်လာသည့် အတွက် ဟိုတယ်စည်းကမ်း အရ စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ရာ မှ၊ ဂျပန်နိုင်ငံသား . . .က မကျေနပ် ၍ ဒေါ်. . . အား ပါးရိုက်သည့်အတွက် ဒေါ်. . . မှ ဂျပန်နိုင်ငံသား . . . အပေါ် အမှုဖွင့်တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ဂျပန်နိုင်ငံသားဘက်မှ ဟိုတယ်သို့ ပြန်လာစဉ် ဧည့်ကြို ကောင်တာတွင် အပ်ထားသော အခန်းသော့အား တောင်းရာ မပေးသည့်အပြင်၊ ဟိုတယ်အပြင်သို့ အတင်းမောင်းထုတ်သည့် အကြောင်းရင်းများဖြင့် အမှုဖွင့်ပြီး တိုင်ကြားထားခြင်းဖြစ်ကြောင်း တိုင်ကြားချက်မှ သိရှိရပါသည်။
EMG

No comments:

Post a Comment