Wednesday, February 29, 2012

ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတို့၏ ယာယီနိုင်ငံကူးလက်မှတ်များအား ၄ လသက်တမ်းတိုးမြှင့် ပေးလိုက်ကြောင်း ကြေငြာ
ဖေဖော်ဝါရီလ ၂၈ရက်နေ့၌ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေများ၏ယာယီနိုင်ငံကူးလက်မှတ်တွေများအား 


လသက်တမ်းတိုးမြှင့် ပေးလိုက်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာတွေအများကြီးပါ။ အခုလိုသက်တမ်းတိုးပေး လိုက်တာ သူတို့အတွက် အများကြီးအဆင်ပြေသွားမှာပါ။ ယာယီ နိုင်ငံကူးလက်မှတ်ရှိတော့ ဘာပြဿနာမှလည်း မဖြစ်နိုင်တော့ဘူးဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးမည်ဖြစ်သော အလုပ်သမားများကို ထပ်မံ၍ သက်တမ်းတိုးမည်ဖြစ်ကာဇွန်လအထိသက်တမ်းတိုးမြှင့် ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သတ်၍ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီးမှ ထိုင်းနိုင်ငံသို့ နောက်ဆုံးသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံညှိနှိုင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန၏ စစ်တမ်းကောက်ယူမှုများအရ ဖော်ဝါရီလ ၂၈ ရက်နေ့၌သက်တမ်းကုန်ဆုံးမည့်လုပ်သားအရေအတွက်သည် နှစ်သိန်းကျော် ရှိနေကြောင်း သိရသည်။
ယာယီနိုင်ငံကူးလက်မှတ်မရှိရင် ထိုင်းဘက်မှာ အဆင်မပြေဘူး။ သူတို့က မြန်မာတွေဆို အရမ်းနှိမ်တာ သူတို့ဆီမှာ တရားမဝင်သွားရောက် လုပ်ကိုင်နေကြတဲ့အလုပ်သမားတွေဆိုလူမှုရေးအရရော ငွေရေးကြေးရေးအရပါ ဖိနှိပ်ချုပ်ချယ်ခံကြရတယ်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ လုပ်သားတစ်ဦးက ပြောသည်။
နှစ်နိုင်ငံ ညှိနှိုင်းမှုများအရ လုပ်သားများ၏ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးရက် ကာလကို တိုးမြှင့်ပေးပြီးနိုင်ရန်အတွက် ပြည်တွင်းမှ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ ဖွဲ့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကပင် ထိုင်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment