Wednesday, February 29, 2012

» အလုပ်အကိုင် အခွင့်အလမ်းပြပွဲတွင် ကုမ္ပဏီ ၅ဝ ကျော် အလုပ်လျှောက်လွှာ လက်ခံ၍အင်တာဗျုးမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသော ပထမအကြိမ် အလုပ်အကိုင်အခွင့်အလမ်းများ ပြပွဲကို မတ်လ ၁၇ ရက်မှ ၁၈ ရက်နေ့ အထိ ကုန်သည်/စက်မှု အသင်းချုပ်၌ 
 
ကျင်းပမည်ဟု သတင်းရရှိသည်။ အဆိုပါပြပွဲတွင် ပြည်တွင်း ကုမ္ပဏီများ၌ အလုပ်လုပ်ကိုင်လိုသော လုပ်သားများအတွက် လုပ်ငန်းရှင် ပေါင်း ၅ဝ ကျော်တို့က ပြခန်းများဖွင့် လှစ်၍ အလုပ်လျှောက်လွှာများ လက်ခံခြင်း၊ အင်တာဗျူးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်သော စာနယ် ဇင်းရှင်းလင်းပွဲမှ သိရသည်။ ”ကျွန်တော်တို့ အသင်းရဲ့ ပထမဆုံးလုပ်တဲ့ အလုပ်အကိုင်အ ခွင့်အလမ်းပြပွဲပါ။ အလုပ်သမားဝန် ကြီးဌာနရဲ့ ခွင့်ပြုချက် တောင်းခံပြီး တော့လုပ်တာပါ။ ပြပွဲရည်ရွယ်ချက် ကတော့ တကယ်အလုပ်လုပ်ချင်တဲ့ လူငယ်တွေနဲ့ အလုပ်သမားလိုအပ် နေတဲ့ ကုမ္ပဏီတွေကို တွေ့ဆုံပေး တာပါ။ အဲ့ဒီအတွက် အလုပ်လာ လျှောက်တဲ့သူတွေဆီကဝန်ဆောင်ခ မယူပါဘူး။ လုပ်ငန်းရှင်တွေဆီက သာ ပြခန်းငှားရမ်းခယူမှာပါ။ ပြခန်း ငှားခက တစ်ခန်းကို နှစ်သိန်းနဲ့ နှစ် သိန်းခွဲဆိုပြီး နှစ်မျိုးရှိပါမယ်။ ပြခန်း စုစုပေါင်း ၅ဝ ကျော်ရှိပါမယ်” ဟု ပွဲစီစဉ်သူများက ပြောသည်။ ၄င်းပြပွဲ၌ အလုပ်လာရောက် လျှောက်ထားသူများသည် လိုအပ် သော စာရွက်စာတမ်းများ၊ ပညာ အရည်အချင်းအထောက်အထားများ ယူဆောင်လာခြင်းဖြင့် မိမိနှင့် အံဝင် ခွင်ကျဖြစ်မည့်အလုပ်အားရွေးချယ် နိုင်ပြီး အလုပ်လျှောက်ထားရန် အတွက် လိုအပ်သော CV Form များ၊ မိတ္တူ ကူးစက်များကို အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ပေးထားမည်ဖြစ်ကြောင်း ပွဲစီစဉ် သူတစ်ဦးက ပြောသည်။ ”ပြပွဲမှာ လုပ်ငန်းပေါင်း ၅ဝ ကျော်ပါမှာဆိုတော့ကိုယ်နဲ့သင့်တော် မယ့်အလုပ်ကိုရွေးချယ်လို့ရတာပေါ့။ အလုပ်ကတော့မျိုးစုံပါမယ်။ IT  စာရင်းကိုင်၊ ဆေးဝါးနဲ့ ပတ်သက်တဲ့ အလုပ်တွေအစုံပါပဲ။ ပြည်တွင်းနာ မည်ကြီးကုမ္ပဏီတွေအားလုံး ဖိတ် ထားတယ်”ဟု ၄င်းက ပြောသည်။ ပြပွဲကျင်းပမည့်နေ့များတွင် လူငယ်များအတွက် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဟောပြောပွဲများကိုလည်း ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်နှင့် ကာတွန်းအော်ပီကျယ်တို့က ဟောပြောပေး မည်ဖြစ်ပြီးပြပွဲသို့လာရောက် သူများအတွက် ကွန်ပျူတာ၊ စာရင်းကိုင်၊ ဘာသာစကားစသော သင်တန်း များအခမဲ့ တက်ရောက်နိုင်ရန် ကံ စမ်းမဲ၅ဝမဲ ဖောက်ပေး မည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။ အဆိုပါပြပွဲ ကျင်းပရေး ကော်မ တီဖုန်း-ဝ၉-၅၁၄၂၃၃၁၊ဝ၉-၇၃၂ဝ ၁၂ဝ၈ တို့သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။
အိမ်စည်စိုးစံ (ပေါ်ပြူလာဂျာနယ်)

No comments:

Post a Comment