Wednesday, February 29, 2012

စက္ကန့်တိုင်းမှာ
 
ရင်ခွင်တစ်စုံကြား
သိုဝှက်ကာထားပါသော်လည်း
နှောင်ကြိုးတံခါးကို
သံယောဇဉ်ဆန္ဒတစ်စုံက
ဖွင့်ခွင့်ပေးခဲ့လေသလား
မေတ္တာလက်တစ်ဖက်
ကမ်းဆက်မိချိန်မှာတော့
တမ်းတခြင်းများက
ကုဋေကုဋာ…
 
လွမ်းရခြင်းများကတော့
အသင်္ချေမကပါ
စိတ်မချခြင်းများကလည်း
စက္ကန့်တိုင်းမှာ……..

No comments:

Post a Comment