Tuesday, February 28, 2012

ဒေါ်စု ရှမ်းပြည်တောင်ပိုင်း ဟဲဟိုး ၊ ကလော နဲ့ အာင်ပန်းမြို့ တွေကို ပါတီစည်းရုံးရေးခရီးသွားမည်
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ 
လာမယ့် မတ်လ ၁ ရက်နေ့၁.၃.၂၀၁၂ (ကြာသပတေးနေ့ မှာ
ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုး ၊ ကလော နဲ့ အာင်ပန်းမြို့ တွေကို
မဲဆွယ်စည်းရုံးရေးအဖြစ် လေယာဉ်နဲ့ နေ့ ချင်းပြန်ခရီးသွားရောက်မှာ
 ဖြစ်ပါတယ်။
 
 ဒီခရီးစဉ်အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၁၀ နာရီမှာ အောင်ပန်းမြို့ရှိ၊ ဟိုက်ဒရိုကွင်း၊ နေ့လယ် ၁၂ နာရီမှာတော့ 
ကလောမြို့က အဖွဲ့ချုပ်ရုံးနဲ့ ညနေ ၂ နာရီမှာတော့ ဟဲဟိုးမြို့ ကျောက်တိုင်ကွင်းတွေမှာ ဟောပြောဖို့ ရှိနေပါတယ်။ 
ဒီခရီးစဉ်အတွင်းမှာပဲ ဆရာကြီး ဒဂုံတာရာကိုလည်း သွားရောက် 
ဂါရပြုကန်တော့ဖို့ ရှိနေပြီး မန္တလေးခရီးစဉ်ကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်မှာတော့ မတ်လ ၃ ရက်နေ့မှာ မန္တလေး အောင်ပင်လယ်ကွင်း၊ မတ်လ ၄ ရက်နေ့မှာတော့ စစ်ကိုင်းမြို့ ကမ်းနားလမ်းက 
သဲသောင်ပြင်နဲ့ ၄ ရက်နေ့တွေမှာတော့ တံတားဦးမြို့တွေမှာ ဟောပြောသွားမှာဖြစ်ပါတယ်။ 
အဲ့ဒီနောက်မှာတော့ နွားထိုးကြီး၊ မိထ္ထီလာနဲ့ နေပြည်တော် တပ်ကုန်မြို့ ခရီးစဉ်တွေကို သွားရောက်မှာလဲဖြစ်ပါတယ်။

No comments:

Post a Comment