Wednesday, February 29, 2012

“ ချစ်သူသို့”

ကောင်မလေး
ကောင်းမွန်တဲ့ပဌန်းဆက်ကြောင့်
ဒီဘဝလူဖြစ်လို့
မင်းနဲ့တွေ့ခွင့်ရခဲ့တယ်
မင်းပုံရိပ်သွင်ပြင်လွှာကို
ငါ့ဦးနှောက်ထဲမှာ
စွဲမြဲနေခဲ့တယ်
ကောင်မလေးရယ်



လူတစ်ယောက်ကို
စွဲဆောင်နိုင်တဲ့ဆုကို
ဘယ်နတ်ဘုရားထံမှာ
လက်ဝါးဖြန့်ကာဆုတောင်းခဲ့တာလဲ….???
နှလုံးသားနံရံလေးမှာ
မင်းနာမည်လှလှလေးကို
ကမ္ပည်းတင်ပြီး
ရေးထွင်းလို့ထားချင်တယ်
ပင်လယ်ပြာပြာနဲ့
ကောင်းကင်ကြီးကိုတိုင်တည်ပြောရရင်
ငါမင်းကိုအရမ်းချစ်တယ်
အခုတော့………….
ငါ့မှာအသည်းမာမာ မရှိတော့ဘူး
နှလုံးသားပစ်မှတ်နဲ့
အချစ်မြှားတွေပဲ ကျန်တော့တယ်
ချစ်သူ……….♥♥♥

No comments:

Post a Comment