Tuesday, February 28, 2012


ကြေကွဲခြင်း


အတိတ်ကိုတွေးတိုင်း
ပျော်ရွှင်စရာတွေပဲ..များခဲ့တော့
မင်းနဲ့ပတ်သတ်ပြီး..
ငါ..ငိုကြွေးရမယ်
မထင်ခဲ့မိဘူး….
နင်ပြောတဲ့စကားတွေတိုင်းကို
ယုံကြည်လွန်းတဲ့ငါ..
အရာရာဟာ..အတုအယောင်ဖြစ်ခဲ့မှန်း
မထင်ခဲ့မိဘူး…
ငါ့ကိုဂရုစိုက်လွန်းတဲ့မင်း..
ငါ့ကိုကြင်နာလွန်းတဲ့မင်း..
ငါ့ဘဝရဲ့လက်တွဲဖော်မင်းက
ငါ့နှလုံးသားကို..ဓားနဲ့ထိုးပြီး
ရင်ခုန်သံတွေကို..အသေသတ်မယ့်သူ
ဖြစ်မယ်မှန်း..မထင်ခဲ့မိဘူး…
ချစ်ခဲ့သမျှ..အတိတ်တွေက
အိမ်မက်လို..
ရုတ်တရက်လန့်နိုးခဲ့တော့
အပြင်လောကမှာ..
အချစ်ကိုယုံလွန်းတဲ့..လူတစ်ယောက်
နှလုံးသားမှာ..ဓားစိုက်လျှက်နဲ့
ရူးပြီးလမ်းလျှောက်နေတယ်..
မင်းရဲ့မုသားတွေကြောင့်ပေါ့………

No comments:

Post a Comment