Wednesday, February 29, 2012

“ ချစ်သူသိစေချင် ”

မိုးလင်းတိုင်းသတိရတတ်တာ
မိုးချူပ်တိုင်းတမ်းတတတ်တာ
အိမ်မက်တိုင်း မင်းကိုစွဲလမ်းတာ
အမြဲတမ်းမင်းကိုတွေ့ချင်တာ
အချိန်တိုင်းမင်းအသံကြားချင်တာ
ပြော…..ဆိုတော့လည်း


မပြောရဲဘူး
မင်းအကြောင်းပြောချင်နေတိုင်းမှာ
အခြားတစ်ယောက်အကြောင်း ပြောနေမိတယ်
မင်းနဲ့တွေ့မြင်ချင်တိုင်း
စိတ်ကူးယဉ်မိရဲ့
သြော်….. ချစ်သူရယ်
ဘယ်တော့များမှ ကြင်နာရမှာပါလိမ့်
ငါ့ရဲ့ခံစားချက်တွေများနေပေမဲ့
ဖွင့်မပြရဲခဲ့ဘူး….
ငါကချစ်သာချစ်ချင်တာ
လူမိမှာတော့ကြောက်တယ်……..♥♥♥

No comments:

Post a Comment