Wednesday, February 29, 2012

★" ရာသီပြန် ဆောင်း "♪♫
လရိပ်ဝေကာ…
နှင်းမှုန်တွေ ဖြာကျနေတဲ့….
ဆောင်းညချမ်းလေး .. တစ်ခါဆီက..
နင်.. နင်းလျှောက်ခဲ့တဲ့…
အချစ်လမ်းကလေးမှာ..
ငါ့နှလုံးသားကို .. ချခင်းပေးထားခဲ့တာ…
နင်သိမှာပါ ချစ်သူရယ်…..။
တကယ် ဆိုရင်…
နင် ပေးခဲ့တဲ့.. သမုဒယတေးက..
ငါ့ နှလုံးသွေးနဲ့ ရေးမှ…

သိပ်လှခဲ့မှာတဲ့လား…
ငါ .. နားမလည်နိုင်တော့ဘူး ချစ်သူရယ်….။
နင် သရုပ် ခွဲပြခဲ့ဘူးတဲ့.. ယုတ္တိဗေဒ…
ရွက်ဝါကြွေမှ… နွေပီသမှာတဲ့လား…
မိုးပွင့်ချွေမှ .. ၀သန္တတဲ့လား…
နှင်းမှုန်ဝေမှ.. ဆောင်း ဖြစ်စေမှာတဲ့လား…
ဒါတွေကို…
နင်.. သိထားခဲ့ပေမဲ့...
မင်းလေးရှိမှ… ငါ့ဘ၀ရှင်သန်တာ.…
ဘယ်ကမ္ဘာမှာ.. သွားမေ့ထားခဲ့တာလဲ ချစ်သူရယ်…။
အဌာရသ စုံလင်တဲ့ .. ချစ်သူကို.
ညာတတ်သမျှ.. ယုံချင်ခဲ့တာ
ငါ.. နင့်ကို.. သိပ်ချစ်မိခဲ့လို့ပါ….
နင့် .. အပြုံးတွေမှာ..
နှစ်မြုပ်ပျော်ဝင်..
တစ်လောကလုံးကို ..
မေ့ထားချင်ခဲ့တာလဲ .. နင်သိသားပဲ ချစ်သူရယ်…။
နင်ပြောခဲ့တဲ့ ..
ယုံတမ်းစကားတွေကို…
အိပ်ယာဝင် ပုံပြင်တွေအဖြစ်...
ငါမက်မောရင်း.. သိပ်ချစ်တတ်ခဲ့တာလေ….
ရာသီပြန်ဆောင်း…
သံသရာဟောင်းက.. ပတ်ချာလည်လို့..
တစ်က ပြန် စခွင့်.. ရရင်တောင်..
အနိုင်ကိုတော့.. ငါမယူဘူး..
နှင်းမှုန်ဝေတဲ့.. ဒီဆောင်းဦးမှာ…
မင်း .. ရင်ခွင်ဟောင်းကလေးကိုသာ…
ထာဝရ ပိုင်ခွင့်.. ငါရခဲ့ရင်…
သိပ် ချစ်ရကျိုး နပ်ပါတယ်လို့.. ငါကျေနပ်ပြီ ချစ်သူရေ…….။

No comments:

Post a Comment