Wednesday, February 29, 2012

ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှု နောက်လ ၉ရက်သို့ ထပ်မံချိန်းဆို
   အောကစ် ဟိုတယ် ၀န်ထမ်း ဒေါ်အေးအေးကြည်
  
ပုဇွန်တောင်မြို့နယ် တရားရုံးသို့ ရုံးချိန်းလာရောက်သည့် ဂျပန်နိုင်ငံသား Okahashi Takashi အား တရားရုံးရှေ့တွင် မြင်တွေ့ရစဉ်။ (ဓါတ်ပုံ မူပိုင် YPI)



ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)
ယခင်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ အောကစ် ဟိုတယ်၌ ဖြစ်ပွားခဲ့သည့် ဟိုတယ်ဝန်ထမ်း မအေးအေးကြည်အား ပါးရိုက်မှုဖြင့် တရားစွဲခံထားရသည့် အမှုကို ပုဇွန်တောင်မြို့နယ် တရားရုံးက မတ်လ ၉ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။
ယနေ့နံနက် ၁၁နာရီတွင် စတင်စစ်ဆေးရန် ချိန်းဆိုထားသည့် အမှုမှာ ယနေ့စစ်ဆေးခြင်းမရှိသေးပဲ လာမည့်မတ်လ ၉ ရက်နေ့သို ချိန်းဆိုလိုက်ကြောင်း သိရှိရသည်။
ပါးရိုက်ခံရသူ ဟိုတယ်ဝန်ထမ်း မအေးအေးကြည်က ဂျပန်နိုင်ငံသား အိုကာဟာရှီကလည်း တားဆီးမှုဖြင့် ပြန်လည် တရားစွဲဆိုထားသဖြင့် တရားရုံးမှ အာမခံတောင်းခံသဖြင့် ဟိုတယ်ဝန်ထမ်းများ ထဲမှ အာမခံပေးထားရသည်ဟုလည်း သိရှိရသည်။
YPI

No comments:

Post a Comment