Wednesday, February 29, 2012

ချစ်သက်သေ

I ♥ YOU
ချစ်သူအတွက်......
ချစ်တယ်ဆိုတဲ့
စကားကိုပလီပလာ
တီတီတာတာနဲ့လည်း
မပြောချင်ဘူး....
ရင်မှပေါက်ဖွား
အချစ်များအား
ဖွင့်ဟရွတ်ဆို
ရွှေနားတော်သွင်း
ဆိုအပ်ခြင်းက
ငါ့မင်းကိုအရမ်း
ချစ်တယ်......

သစ္စာ၊မေ့တ္တာ
ချစ်သဒ္ဒါတွေကို
ဆန့်ထုပ်ငင်လျှက်
ကြိုးမျှင်တစ်ချောင်း
အသွင်ပြောင်း၍
ခိုင်မာရစ်ချည်
ဖြစ်သည်က
သံယောဇဉ်
ရယ်ပါ.....
သံသယစိတ်ကင်း
အပြစ်မနှင်ပဲ
တစ်ဦးကမေ့တ္တာ
တစ်ဦးကအကြင်နာ
ဖြူစင်ပေးအပ်
ပေါင်းဖက်ခိုင်ခိုင်
စိတ်မယိုင်ပဲ
တစ်ဦးတစ်ယောက်
ဆိုသလောက်အောင်
အာဒံ၊ဧ၀သက်သေ
ပြကျရအောင်နော်........

No comments:

Post a Comment