Wednesday, February 29, 2012

★ နှလုံးသား ဈာပန Anniversary ♪♫
“Anniversary ဆိုတာ ….
အမှတ်တရ .. အနန္တကို …
တမ်းတစွာ .. ဖက်တွယ် …
နှစ်ပါတ်လည် .. ရောက်လေတိုင်း …
ပျော်ရွှင်စွာ ကျင်းပတဲ့ .. အခမ်းအနား တစ်ခုလို့ …
သိမှတ်ကာ .. ယုံကြည်ခဲ့ဖူးတာ …
ငါ လူမှန်း သိတတ်စကတည်းကပါ မောင် …..။

Anniversary အခါခါမှာ …
ပါဝင်ကာ ဆင်နွှဲ …
ပန်းတွေကိုလဲ .. ကျဲဖူးတယ် …
သီချင်းတွေကိုလဲ .. ဆိုဖူးတယ် …
စားပွဲ သောက်ပွဲတွေနဲ့လဲ .. ပျော်ခဲ့ဖူးပါတယ် …..။
Anniversary .. ကိုလေ …
ပတ်သက်သူတွေ .. မျှော်လင့် …
တစ်နှစ်ကုန် .. တစ်နှစ်ပြောင်း …
အသစ် အသစ်တွေကြောင့်လဲ …
ဟောင်းမသွားစေခဲ့ပါ …
ရှင်သန်ရာ .. နေ့သစ်တွေ အရ …
အခမ်းအနား တန်ဘိုးက .. မြင့်ခဲ့တယ် ….. ။
Anniversary … 1 st.,
တစ်ဆယ့်လေး စက်တင်ဘာ နှစ်ထောင့်တစ်ဆယ့်တစ် …
ငါကိုယ်တိုင် .. ကျင်းပဖြစ်မှာ …
ငါ့နှလုံးသားရဲ့ .. ဈာပန …
ဝမ်းနည်းခြင်း .. အမှတ်တရ …
ကျေကွဲမှု အနန္တနဲ့ …
မခမ်းခြောက်နိုင်တော့တဲ့ …
မျက်ရည်စ အသွယ်သွယ် …
ငါ့ရင်က နှလုံးသွေးစက်တွေ .. ချယ်သ …
နင့်ထွက်သက် .. နှစ်ပါတ်လည် အနန္တကို …
ငါ့ဘ၀ရဲ့ .. နောက်ဆုံး ထွက်သက်တိုင် …
ခမ်းနားစွာ .. ကျင်းပသွားမယ် …
ရောက်လေရာ .. ဘုံဘ၀မှ …
သခင် … ကျေနပ် .. လွတ်မြောက်စေ ……။ ။

No comments:

Post a Comment