Tuesday, February 28, 2012
အားကစားဝန်ကြီးဦးတင့်ဆန်း နှင့် ပြည်သူ့ လွှတ်တော်ဆောက်လုပ်ရေးလုပ်ငန်း
အားကစားဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း အား အားကစားဝန်ကြီးဌာနမှာသာဆက်လက်ထားရှိတော့မှာ
ဖြစ်ပြီး ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးနေရာအား 
မကြာခင် အခြားတစ်ဦးအား ခန့်အပ်တော့မည်ဖြစ်ကြောင်း
ဝန်ကြီးနဲ့ နီးစပ်သူတဦးထံမှသိရပါတယ်။
အားကစားဝန်ကြီးဦးတင့်ဆန်း ဟာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်
 အာဏာ ရှိစဉ်အခါက ဗိုလ်ချူပ်
ကြီးဟောင်းခင်ညွန့် ရဲ့  အရေးအပေးအခံရဆုံး အခွင့်အရေးအများဆုံး အရဆုံး  အနီးကပ်ဆုံး လုပ်ငန့်းရှင် တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အိမ်တွင် အသေးစား အကြီးစား ပြင်ဆင်မှု့လုပ်ငန်းရှိပါက ACE CONSTRUCTION မှလွဲရ်ျအခြားမည်သည့်အဖွဲ့အစည်းကိုမှ မခိုင်းပါ။ ACE CONSTRUCTION တစ်ခုကိုသာခိုင်းပါတယ်။
 ဗိုလ်ချုပ်ကြီးခင်ညွန့် အဖမ်းခံရတဲ့အချိန်မှာ လုပ်ငန်းရှင် အားလုံးကို ခေါ်ယူစစ်ဆေးပါခဲ့ပါတယ်။ လုပ်ငန်းရှင်အားလုံးရဲ့  ထွက်ဆိုချက်ကိုလည်း အထက်ကိုတင်ပြရပါတယ်။  ထွက်ဆိုချက်များ
အားလုံးကို ဗိုလ်ချူပ်မှုးကြီးသန်းရွှေမှ ကြည့်ရှု့စစ်ဆေးသည့်အခါ ဗိုလ်ချူပ်ကြီးဟောင်းခင်ညွန့် 
အပေါ်တွင် သစ္စာရှိစွာဖြင့် မည်သည့်တန်စိုးလက်ဆောင်မှ မိမိမှပေးအပ်ခြင်းမရှိပါဟု ဦးတင့်ဆန်းက ဖြေကြားခဲ့ကြောင်းသိရပါတယ်။ 
ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ အထက်အရာရှိပေါ် သစ္စာရှိသူ အဖြစ်မှတ်ချက်ပေးကာ ၄င်းကဲ့သို့ လုပ်ငန်းရှင်မျိုးနှင့် ပူးပေါင်းလုပ်ဆောင်မှ မိမိတို့အားနည်းချက်များရှိလျှင်လည်း မပေါက်ကြား
နိုင် ဟု ယူဆခဲ့ပြီး ပြည်သူ့လွှတ်တော်အဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်းအားဦးတင့်ဆန်းကိုဆက်လက်စေခိုင်းခဲ့ပါတယ်။
လွှတ်တော်ဆောက်လုပ်နေချိန်မှာ နေ့စဉ်ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး 
 နေ့စဉ်လာရောက်ချင်း၊ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှ စနေနေ့တိုင်း အပတ်စဉ်
လာရောက်စစ်ဆေးခြင်း၊တို့ကြောင့် ဦးတင့်ဆန်းသည် သာရေးနာရေးကိစ္စမှ လွဲရ်ျ 
ရန်ကုန်သို့လုံးဝသွားရောက်ခြင်းမရှိတော့ပဲ နေပြည်တော်တွင် အမြဲတမ်းနေခဲပါတယ်။
 လူကြီးများရဲ့  ယုံကြည်ချက် အပြည့်အ၀ရရှိအောင် ဆောင်ရွက်တတ်သူလည်းဖြစ်ပါတယ်။  ပြည်သူ့လွှတ်တော်မှာ တပ်ဆင်မည့်လုပ်ငန်းသုံးပစ္စည်းများကို ရန်ကုန်မှတရုတ်နိုင်ငံလုပ် 
ပစ္စည်းအားဝယ်ယူ ကွန်တိန်နာထဲမှာထည့်ပြီး အနောက်နိုင်ငံများမှ ပစ္စည်းများကို စင်္ကာပူမှ 
တစ်ဆင့် မှာယူသည့် ပုံပေါက်အောင်လည်း လိမ်ညာရ်ျ ပစ္စည်းများသွင်းခဲ့တာဖြစ်ပါတယ်။
ပစ္စည်းဖိုးများကို (၃)ဆ(၄)ဆ ထိပိုမိုတင်ရ်ျနိုင်ငံတော်မှထုတ်ယူခဲ့ပါတယ်။ နေပြည်တော်
 ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သူ့ ရဲ့ သားဖြိုးကိုကိုတင့်ဆန်း ကို စားသောက်ဆိုင်
 တစ်ခု ဟန်ပြဖွင့်ခိုင်းပြီး သူတို့  သာမန်မျှသာ ချမ်းသာသူများ ပုံပေါက်အောင်၊
 လူကြီးများယုံအောင် ပြူလုပ်တတ်သူဖြစ်တယ်လို့ လည်းဆိုပါတယ်။
 နေပြည်တော်လွှတ်တော်အဆောက်အဦးဆောက်လုပ်နေသည့်အချိန်မှာ ဦးတင့်ဆန်း ရဲ့  တူတော်စပ်သူများ အမည်နှင့် စင်္ကာပူမှာ စင်္ကာပူဒေါ်လာ (၃.၅ ) သန်းတန် အခန်းများ
သူရဲ့ သားသမီးများနာမည်နှင့်လည်း စင်္ကာပူ နှင့် သြစတေးလျမှာ မြေကွက် နှင့် လုံးချင်းအိမ်များ မြောက်များစွာ ၀ယ်ယူထားသူဖြစ်ပါတယ်။ 
ရန်ကုန်မြို့ပေါ်တွင်လည်း နေရာ(၇) ခုမှာ ဦးတင့်ဆန်း ပိုင်မြေဧက (၁၀၀)ကျော်ရှိပါတယ်။ ရာဇဌာနီလမ်းမ ပေါ်မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့ သားသမီးများအတွက် ရှစ်လုံးတွဲ 
သမီးတော်အိမ်အား သူပိုက်ဆံနဲ့ နိုင်ငံတော်မှအခကြေးငွေမယူပဲ မေတ္တာဖြင့် ဆောက်
လုပ်ပေးခဲ့ပါတယ်။
 ပြည်သူ့လွှတ်တော်အဆောက်အဦးနှင့်ပတ်သတ်ပြီး ပြည်တွင်း ဈေးကွက်မှပစ္စည်းများ
ပေါ်တွင် ဘောက်ချာ သုံးဆ မြှင့်တင်ရ်ျ ဖွင့်ခြင်း ၊ တရုတ်နိုင်ငံလုပ်ပစ္စည်းများ
ကို ဘောက်ချာအတုဖြင့် အနောက်နိုင်ငံမှ တင်သွင်းသယောင် ဘောက်ချာအတုများဖြင့်
 ( ၄ ၊ ၅ ) ဆ ခန့်ပိုယူထားခြင်းတို့ကြောင့်အမှန်တကယ်ကုန်ကျစရိတ်ထက် ( ၃ ) ဆခန့် ပိုမိုကုန်ကျသွားကြောင်းကို ပြည်သူလူထုနှင့် သမ္မတကြီးကိုပါ သိစေချင်ကြောင်း
ဦးတင့်ဆန်း နဲ့ နီးစပ်သူတဦးက Myanmar News Now ကို အသိပေးပြောကြားပါတယ်။
ဒါအပြင် နေပြည်တော်ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှာ ကျန်သည့်လုပ်ငန်းရှင်များ
ဖြစ်တဲ့ ဦးချစ်ခိုင် (ဧဒင်ဆောက်လုပ်ရေး) နှင့် ဦးထွန်းမြင့်နိုင် (Asia World ) ဆောက် လုပ်ရေးတို့ဟာလည်း၊အခွင့်ထူးခံဆောက်လုပ်ရေး လုပ်ငန်းရှင်များပဲဖြစ်ကြောင်းသိရပါ
တယ်။
No comments:
Post a Comment