Tuesday, February 28, 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငွေချေးပေးခြင်းကိစ္စရှင်းလင်းပြောဆို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှရပ်ကွက်နေပြည်သူများအား ငွေချေးပေးနေခြင်းသည် ပြည်သူများ၏ 


အခက်အခဲများပြေလည်စေရန်ရည်ရွယ်သောပါတီ၏စည်းရုံးရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်နိုင်ကြောင်းပါတီ ကော်မတီဝင်ဦးတင်ဝင်းပြောပြချက်အရသိရသည်။

 “စည်းရုံးရေးလုပ်ငန်းလို့ယူဆမယ်ဆိုရင်လည်းယူဆလို့ရတာပေါ့။အဓိကကတော့ အခက်အခဲရှိနေတဲ့ ပြည်သူတွေသက်သာချောင်ချိဖို့လုပ်ပေးတာပေါ့အတိုးနှုန်းအသက်သာဆုံးနဲ့ 
 
ကူညီပံ့ပိုးပေးတဲ့သဘောပါ။စည်းရုံးရေးလုပ်ငန်းသဘောတစ်ခုပေါ့နော်ပြည်သူတွေ ပါဝင်လာကြတယ်ဆိုရင်တော့  စည်းရုံးရေးအား တစ်ခုတော့ ဖြစ်တာပေါ့ဟုရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကော်မတီဝင် ဦးတင်ဝင်းက ပြောသည်။  
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ရပ်ကွက်နေပြည်သူများအား တစ်ဦးလျှင် ၃၀၀၀၀ ကျပ် (သုံးသောင်းကျပ်) ချေးငွေထုတ်ချေးပေးခဲ့ပြီး အတိုးနှုန်းမှာ ၂ ကျပ် ဖြစ်ကြောင်းသိရသည်။ 
စစချေးတုန်းကတော့ ပါတီဝင်ထဲကိုဝင်ဝင်၊ မ၀င်ဝင်ချေးပေးတယ်။ အခုနောက်ပိုင်းတော့ အသစ်တွေလဲထပ်မချေးပေးတော့ဘူး။ ပါတီဝင်မှချေးပေးမယ်တဲ့ ဆိုပြီးဖြစ်လာပြီဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၄၄ရပ်ကွက်မှ မဂျူလိုင်မိုး မှပြောသည်။  
အဆိုပါ ပါတီသည် ဧပြီ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၈နေရာလစ်လပ်နေပြီး ရန်ကုန်တိုင်း ဒေသကြီးတွင်းရှိ လစ်လပ်မဲဆန္ဒနယ် () နေရာနှင့် ကျန်လစ်လပ်မဲဆန္ဒနယ်အားလုံးတွင်ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။    
ပါတီ၏မူဝါဒမှာ  အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အသစ်တည်ဆောက်ရန်၊ တို့တာဝန်အရေးသုံးပါးနှင့် ပြည်သူများလိုလားတောင့်သည့်ဒီမိုကရေစီစနစ် ကူးပြောင်းကျင့်သုံးနိုင်ရန် တို့ဖြစ်ကြောင်း သိရှိရသည်။  
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနေဖြင့် လွှတ်တော်တွင် ကျပ် ၅ ထောင်တန်ဖုံးများ ချထားရေးအတွက် အဆိုပြု တင်သွင်းမည်ဖြစ်ကြောင်း ပါတီကိုယ်စားလှယ်များထံမှ ကြားသိရသည်။

No comments:

Post a Comment