Tuesday, February 28, 2012

ဒေါ်စု မသွားရောက်နိုင်သည့်ဒေသများ အနုပညာရှင်များ သွား၍ ရွေးကောက်ပွဲ ပညာပေးလုပ်ငန်း များ ဆောင်ရွက်မည်
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် စည်းရုံးရေး မသွားရောက်နိုင်သည့်
ဒေသများသို့ အနုပညာ ရှင်များမှ ကိုယ်စားသွားရောက်၍ ရွေးကောက်ပွဲ ပညာပေးလုပ်ငန်း
များ ဆောင်ရွက်မည်ဟု ပါဝင်မည့် အနုပညာရှင်များထံမှ သိရသည်။
 


အဆိုပါ အစီအစဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတ၊
ရုပ်ရှင်အနုပညာရှင်များ တွေ့ဆုံကြစဉ် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီတောင်းခံမှု
ကြောင့် အကောင်အထည်ပေါ်လာခြင်းဖြစ်သည်ဟု ဦးဇော်ဝင်း (Metal Zone) က ပြော သည်။

ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment