Tuesday, February 28, 2012

>မေမေ

>နှလုံးသားထဲမှာ ပြောင်းလဲခြင်းမရှိပါဘူး …မေမေ…..
ငယ်ငယ်ကလိုပဲ ..မေမေ့ကို ….ခင်တွယ်ချစ်နေတုံးပါ ..
ငယ်ငယ်ကဆို …အားအကိုးရဆုံး က….. မေမေလေ …
တစ်ခုခုဖြစ်လိုက်တိုင်း ……ရေရွတ်မိတာ ….မေမေ့ကိုပေါ့
စိတ်ဆင်းရဲစရာတွေ…. ကြုံတိုင်း သတိရတာ……. မေမေ့ကိုပဲလေ
ငယ်ငယ်က အရာရာ …အမေပဲ ….လုပ်ပေးခဲ့ပေမဲ့ …
.သားကြီးလာတော့  … မေမေ့ကို … မမှီဘူးလေ ….

အော် မေမေရယ် တွေးရင်းတွေးရင်း
သား ဦးထိပ်မှာ ခုတိုင် …….မေမေရှိနေဆဲပါ
အဝေးရောက်သားငယ် ….မေမေ့ကို …အမြဲ ….ဦးခိုက်နေပါတယ်…. မေမေ
မေမေ သားကို မေမေ အရင်ကလိုချစ်နေတုန်းပဲဆိုတာ …..နားလည်ပါတယ်
အကြင်နာတွေ ……ရောင်ပြန်ဟပ်ချင်တယ် ….မေတ္တာတွေ …..ရောင်ပြန်ဟပ်ချင်တယ်
မေမေနဲ့အတူ ….လောကကြီးကို ….ပြိုင်တူ …..ထိုင်ကြည့်ချင်လိုက်တာ
အော် …မေမေရယ် …..အသက်ဇီဝိန်မချုပ်သေးခင် …
သား …..တာဝန်ကျေချင်လိုက်တာ ….
သားကို ….ပြုလုပ်ခွင့်ပေးပါနော် …..မေမေ….
မေမေ့ ပီတိအပြုံးကို ……သားကြည့်ချင်သေးတယ် …….မေမေရယ်
ချစ်သောမေမေ . ……အစဉ်ကျန်းမာနေပါစေ
ချစ်သော မေမေ ……အစဉ် ရွှင်လန်းနေပါစေ
ချစ်သောမေမေ ……..အစဉ် ပျော်ပါစေ
ချစ်သောမေမေ …….ထာဝရ အေးချမ်းပါစေ
သားငယ် ……………ဆုတောင်းနေပါတယ်
ငယ်ငယ်ကလိုချစ်တဲ့ …….မေမေရယ် ……………..။။

No comments:

Post a Comment