Wednesday, February 29, 2012

ကြမ်းတမ်းတဲ့လမ်းထက်
အလွမ်းနေ့ရက်တွေ
အဆစ်ပေးလေတော့
လှမ်းရမယ့်လမ်းအတွက်
အခန်းဆက်ကရှည်လွန်းတယ်။
 
အနမ်းတွေ
သစ်လွင်နေပေမယ့်
ဒီလူရင်ထဲ
အလွမ်းတွေနဲ့သာ
ခြောက်သွေ့စဲခြောက်သွေ့မြဲ။
စိမ်းလန်းဖို့ပျိုးတဲ့အစ
ရှင်သန်ခြင်းကမျက်ရည်
နှစ်သိမ့်ခြင်းက ခွန်အား
မင်းရင်ခွင်ခိုနားဖို့က
ငါ့မျှော်လင့်ချက်ပဲလား။
ဘာကြောင့်ပဲဖြစ်ဖြစ်ပေါ့
အဝေးကမင်းကို
ချစ်နေရတာကိုက
ငါ့ဘ၀အတွက်တော့
ခွန်အားတစ်ရပ်ပါ……ချစ်သူ။

No comments:

Post a Comment