Wednesday, February 29, 2012

★"မုန်းထိုက်လို့"♪♫
အခါတစ်ရာမက.. ငါထာဝရ…
ဆိုးခဲ့သမျှ.. အပြစ်မယူ…
ကြည်ဖြူခဲ့တဲ့.. အချစ်ဆုံး နင်…
ခင်တွယ်ချင်စရာမဲ့.. နာကျင်စရာတွေ အပြည့်နဲ့…
ရက်စက်ခဲ့ အခါခါ.. မညှာတာတတ်တဲ့ငါ…
အချစ်ဆုံး နင့်အတွက်… အဆိုးဆုံး ချစ်သူပါ…။

နင့်.. နှလုံးသားလှလှလေးက…
ပေးစေထားတဲ့.. အကြင်နာတွေနဲ့…
ဖြန့်ဝေကာထား.. မေတ္တာတရားအား …
အပိုင်စား ငါ… ရခဲ့ပါလဲ…
တန်ဘိုး မထား.. စိမ်းတဲ့ စကား ဆို…
အနိုင်ယူမှုတွေ.. ပြည့်နှက်နေခဲ့…
စိတ်မနာနိုင်တဲ့.. နင့်နှလုံးသား…
ငါ.. လက်ဖျားခါပါတယ်… ချစ်သူရယ်…။
နင့်ရင်ခွင်နဲ့.. မထိုက်တန်ပေ…
နာကျင်စေသူ.. ငါလို လူအား…
နင့်.. ဘေးနားထား.. ဘယ်လိုများ ပျော်တယ်…
ငါ.. နားမလည်ရဲ... ဆက်ချစ်နေလဲ …
နင့်..ရင်ထဲဝယ်.. စိုးရိမ် သောက..
ဗျာပါဒနှင့်.. ရင်မှာ သိမ်းဆည်း…
အပူမီးတွေ.. ရှုံးနိမ့်ရဝေ…
နင် ကျေကွဲမယ် .. ချစ်သူရေ…။
ကြီးမားလှတဲ့.. နင့်.. မေတ္တာမှန်…
ငါလို လူနဲ့.. မထိုက်တန်ကြောင်း…
ငဲ့စောင်းကာ.. နင် ပြန်မကြည့်နေနှင့်…
ထိုက်တန်လေသူ … နင်ရှာလိုက်ဦး…
အချစ်ဆုံးရေ…
စိတ်နာကာ.. မုန်းခဲ့ပါလေ…
(ငါ…) မုန်းထိုက်နေ…
အချစ်ဆုံးရေ… မုန်းခဲ့ပါတော့…….။

No comments:

Post a Comment