Wednesday, February 29, 2012

“ ငါဖြစ်ချင်တယ် ”

ရင်ခုန်ခြင်းမရှိပဲ တည်ငြိမ်နေတဲ့
နင့်နှလုံးသားကို လှုပ်နိုးသက်ဝင်စေတဲ့
သူဟာ ငါဖြစ်ချင်တယ်…..
အထိအတွေ့တွေကို မတုန်လှုပ်တဲ့
နင့်ကို ပျာယာခတ်လောက်အောင်
ရင်ခုန်စေတဲ့သူဟာ ငါဖြစ်ချင်တယ်…..
မချစ်ဖူးတဲ့နင့်ကို ချစ်တတ်အောင်
သင်ပေးတဲ့သူဟာ ငါဖြစ်ချင်တယ်…..
နင့်ရဲ့နှလုံးသားကို ပိုင်ဆိုင်မဲ့
နင့်ရဲ့ချစ်သူဟာလည်း
ငါပဲဖြစ်ချင်တယ်…..
တဆိတ်လောက် ချစ်ကြည့်စမ်းပါ
ချစ်သူ……………….♥♥♥

No comments:

Post a Comment