Tuesday, February 28, 2012

မန္တလေးမြို့ ရာပြည့်စာအုပ်ဆိုင်တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အမှတ်တရလက်မှတ်ရေးထိုးရောင်းချမည့်အစီအစဉ်ကို ဖျက်သိမ်း
ရန်ကုန်၊ ဖေဖော်ဝါရီ-၂၇
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက မန္တလေးမြို့ 


ရာပြည့်စာအုပ်ဆိုင်အမှတ်(၂)တွင်အမှတ်တရလက်မှတ်ရေး ထိုးရောင်းချမည့်အစီအစဉ်ကို
ဖျက်သိမ်းလိုက်ရကြောင်း ရာပြည့်မန္တလေးစာအုပ်ဆိုင်ပိုင်ရှင် ကိုပုညဆွေက ပြောသည်။
ရာပြည့်စာအုပ်ဆိုင်အမှတ်(၂)မှာ အဆင့်မြင့်ပညာဦးစီးဌာနမှ ငှားရမ်းထားသော ဆိုင်ခန်းတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည့်အတွက် အ.ဆ.ည ပိုင်ဆိုင်ခန်းတွင် အဆိုပါလက်မှတ်ရေးထိုးပွဲကို ခွင့်မပြုနိုင်ကြောင်း ယနေ့ညနေ၄နာရီတွင် အဆညမှညွှန်ကြားရေးမှူး (စီမံ-၂)က ကိုပုညဆွေအား ခေါ်ယူတွေ့ဆုံပြီး၊ ထိုပွဲ ခွင့်မပြုနိုင်ကြောင်း သတိပေးခဲ့သည်။ ထို့ကြောင့် ဖေဖော်ဝါရီ၂၈ရက် နေ့လယ်၁နာရီမှ ၂နာရီအထိ မန္တလေးမြို့ ၊၃၄လမ်း၊ ၈၀-၈၁လမ်းကြားရှိ ရာပြည့်မန္တလေးစာအုပ်ဆိုင် အမှတ်(၂)တွင် ကျင်းပရန်စီစဉ်သည့် "၈၈ မျိုးဆက်ကျောင်းသားများသတင်းစာရှင်းလင်းပွဲ" စာအုပ်ထွက်ရှိခြင်းအထိမ်းအမှတ်အဖြစ်အမှတ်တရလက်မှတ်ရေး ထိုးရောင်း ချမည့်အစီအစဉ်ကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်တိုင်ပင်ပြီးနောက် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကိုပုညဆွေက ရှင်းပြသည်။
ထို့အပြင် အဆိုပါဆိုင်ခန်း၌ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို လက်မှတ်ရေးထိုးပွဲပြုလုပ်ရန် စီစဉ်ခဲ့ခြင်းကြောင့် ရာပြည့်စာအုပ်ဆိုင်ကို ယခုငှားရမ်းသောကာလကုန်ဆုံးပါက ဆိုင်ခန်းမငှားတော့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများက အကြောင်းကြားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment