Wednesday, February 29, 2012

                                                 သေမင်းကိုစိန်ခေါ်သူ ”

နာရီသံ တစ်ချက်ချက်က
“ ဇရာ ”ဆိုတဲ့အရာကို
လက်ယပ်ခေါ်နေသလို
နုပျိုခြင်းကို ကုန်ဆုံးစေခဲ့။ ။
ရှေ့မှာမှန်တစ်ချပ်ချ
မနေ့ကတွေ့ခဲ့တဲ့ “ငါ”
ပြန်ရှာကြည့်မိတော့
ပြန်မလာတော့ဘူးတဲ့။ ။
 
ဒီနေ့
နောက်နေ့
အသက်ရှုနေသရွေ့
စက္ကန့်နဲ့အတူ အလံထူပြီး
ရန်သူတစ်ယောက်သဖွယ်
ခြုံကွယ်တိုက်ခိုက်နေတော့
အထိတော့နာတာပေါ့
ဘယ်တော့ကိုယ့်အလှည့်ဆိုတာ
မသိပေမဲ့လည်း
တစ်ခုတော့ပြောလိုက်မယ်
ဒီမှာ…….သေမင်း
မင်းကိုစစ်ခင်းဖို့တော့ မကြောက်
ငါ့နောက်မှာ နောက်တစ်တပ်ရှိတယ်
မိုက်ရင်ထွက်ခဲ့ ။ ။

No comments:

Post a Comment