Tuesday, February 28, 2012

အချစ်ဆိုတာ........

လောကကြီးမှာ လူတိုင်း လူတိုင်း အချစ်ဆိုတာကို အနည်း နဲ့ အများတော့ပတ်သတ်နေကြမှာပါ။ အချစ်ဆိုတာနဲ့ ခပ်ကင်းကင်းနေနိုင်တဲ့သူ ဒီလောကမှာ ရှိလိမ့်မယ်မထင်မိပါဘူး။ ၅၂၈ ဆိုတဲ့မေတ္တာမျိုးနဲ့ ချစ်ခင်တွယ်တာ တတ်ကြသလို ၁၅၀၀ ဆိုတဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ တစ်ဦးတစ်ယောက်ချစ်ဖူးခဲ့ကြမှာ မလွဲဧကန်ပါပဲ...

အဲဒီလို ချစ်ဖူးခဲ့ကြတယ်ဆိုရင် အဲဒီအချစ်ဆိုတာရဲ့နောက်မှာ ပါလာတတ်တဲ့ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ကြည်နူးခြင်း ကြေကွဲခြင်း တမ်းတလွမ်းဆွတ်ခြင်း စတဲ့ အမျိုးမျိုးသောခံစားမှုရသမျိုးစုံကိုပါ တဆက်တည်း ခံစားခဲ့ကြရမှာကလည်း အဲဒီအချစ်ဆိုတာနဲ့ ပတ်သက်မိခဲ့မယ်ရင် မရှောင်နိုင်တဲ့ နောက်ဆက်တွဲတွေပေါ့ လေ....တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာကြပြီးမှတော့ ခါးသီးတဲ့ဝမ်းနည်ခြင်းတွေကြေကွဲဖို့ကောင်း တဲ့လွမ်းဆွေးရတာတွေကို ဘယ်သူမှလိုချင်ကြမှာမဟုတ်ပါဘူး။ ဘယ်သူမဆို ပျော်ရွှင်ကြည်နူးမှုတွေနဲ့အတိ ပြီးတဲ့ ချစ်ခရီးလမ်းကိုပဲလျှောက်လှမ်းချင်ကြမှာပါ.....

အချစ်ရဲ့နောက်ဆက်တွဲမှာ ခါးသီးခြင်းတွေမခံစားရစေဖို့ အချင်းချင်း နားလည်ခွင့်လွှတ်ပေးနိုင်ရမယ်... အတ္တတွေ မာနတွေ လည်း နှစ်ဦးနှစ်ဘက်မထားသင့်ပါဘူး... ရိုးသားပွင့်လင်းစွာ ပြောဆို ဆက်ဆံဖို့လည်း လိုပါတယ်.... တစ်ယောက်နဲ့ တစ်ယောက်လည်း အပြန်အလှန်လေးစားမှုလေးလည်း ရှိသင့်တယ်။ အခုပြော
ခဲ့တာတွေက  သာယာတဲ့ချစ်ခရီးလမ်း တည်ဆောက်ဖို့အတွက်အခြေခံသဘောရားလေးတွေပါ..အဲဒီအချက်
လေးတွေကို နားလည်လက်ခံပြီး လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်တော့ကိုယ်တည်ဆောက်လိုက်တဲ့ အချစ်ရဲ့ နောက်ဆက်တွဲစာမျက်နှာမှာ ကြည်နူးဖို့ကောင်းတဲ့ ပုံရိပ်လေးတွေထင်ဟပ်လာမှာ မလွဲဧကန်ပါပဲ...

ချစ်သူတိုင်းရဲ့ ချစ်ခရီးလမ်းက နောက်ဆက်တွဲပုံရိပ်လေးတွေ ပျော်ရွှင်ကြည်နူးခြင်းတွေနဲ့ ထာဝရ ပြည့်စုံ နိုင်ကြပါစေလို့...ဆန္ဒပြုလျက်........

No comments:

Post a Comment