Friday, January 27, 2012

ငါဆိုတဲ့…..လူ

ငါဆိုတဲ့…..လူ

တွေဝေတဲ့မျက်နှာ
မူမမှန်တဲ့မျက်လုံး
ပုံစံမကျတဲ့အပြုံး
မတူညီတဲ့ ဇာတ်ရုပ်ပေါင်းများစွာနဲ့
1992 မှာလူ့လောကထဲဝင်ရောက်ခဲ့ပါတယ်
2012 ရောက်တဲ့အထိ
သင်ဆရာ
မြင်ဆရာ
ကြားဆရာ…..မလိုဘဲ
ဟန်မဆောင်နိုင်စွာ စိတ်ဆိုးတတ်ခဲ့တယ်
ဟန်မဆောင်နိုင်စွာ စိတ်ကောက်တတ်ခဲ့တယ်
ဟန်မဆောင်နိုင်စွာ မြိုသိပ်တတ်ခဲ့တယ်
ဒါပေမယ့်.
လူတွေမသိအောင်လည်း
ဟန်မဆောင်နိုင်စွာ……
ရှိုက်ကြီးတငင် ငိုကြွေးတတ်ပါသေးတယ်

No comments:

Post a Comment