Sunday, January 15, 2012

ချင်းပြည်နယ်၏ စားနပ်ရိက္ခာအခက်အခဲအတွက် ကူညီရန် အဖွဲ့အစည်းများ စတင်ပြင်ဆင်

ချင်းပြည်နယ်၏ စားနပ်ရိက္ခာအခက်အခဲအတွက် ကူညီရန် အဖွဲ့အစည်းများ စတင်ပြင်ဆင်

( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
ချင်းပြည်နယ်တောင်ပိုင်းတွင် ရာသီဥတုကြောင့် စားနပ်ရိက္ခာအခက်အခဲများ ဖြစ်ပေါ်နေမှုအား အကူအညီများပေးအပ်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပြင်ဆင်လျက်ရှိသည်ဟုသိရသည်။
မတူပီ၊ ကန်ပက်လက်၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်တွင် ရာသီဥတုဆိုးရွားမှုကြောင့်သီးနှံများ ပျက်စီးသွားခြင်းကြောင့် အကူအညီ များ အချိန်မီမရရှိပါက ဖေဖော်ဝါရီလတွင် ၎င်းဒေသများတွင် အငတ်ဘေးဆိုက်နိုင်ကြောင်း ချင်းပြည်နယ်အစိုးရက အကူအညီ ပေးအပ်ကြရန် ၎င်းအဖွဲ့အစည်းများထံ



အကြောင်းကြား တောင်းဆိုထားသည်။
ထိုကဲ့သို့ စားနပ်ရိက္ခာအခက်အခဲဖြစ်နေမှုအား ဒေသဆိုင်ရာလွှတ်တော်အမတ်တစ်ဦးက ချင်းပြည် နယ်အစိုးရထံသို့ နိုဝင်ဘာလက အသိပေးခဲ့ပြီး ချင်း ပြည်နယ်အစိုးရမှချင်းပြည်နယ်တွင် လက်ရှိအကူအညီ ပေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများ အား ဒီဇင်ဘာလတွင် အကြောင်းကြားမှုများစတင် ပြုလုပ်ခဲ့သည်။
၎င်းအတွက် ထိုမြို့နယ်လေးမြို့နယ် တွင် ဇန်န၀ါရီလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CAD) ၊ CARE Myanmar ၊ Solidarites International နှင့် Action Contre La Faim တို့မှ WFP (ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့) နှင့် ပူးပေါင်းကာ စစ်တမ်းများကောက်ယူသွားမည်ဖြစ်သည်။
"ခုချိန်ထိတော့ ဘယ်လောက်ထိအခြေအနေဆိုးနေတယ်ဆိုတာ မသိရသေးဘူး။ စစ်တမ်းကောက်ပြီးရင်တော့ သိရပြီ။ အဲဒီမှာ ဘယ်လိုပုံစံမျိုးနဲ့ ကူညီမယ်ဆိုတာတွေသိရပြီး အဲဒီအတွက်အလှူရှင်တွေလည်း ဆက်လက်ရှာဖွေသွားမှာပါ"ဟု CAD ဒါရိုက်တာ ဦးဂျိုးဇက်ဇုန်ကမုန်းက ပြောသည်။

No comments:

Post a Comment