Sunday, January 15, 2012

သက်တမ်းပြည့် ခြုံလွှာဝတ်ရုံ

သက်တမ်းပြည့် ခြုံလွှာဝတ်ရုံ


ဘယ်သူ့ ကိုမှ

အပြစ်မဖို့ ချင်တော့တာနဲ့ 

အားလုံးကိုယ့် အပြစ်ဖြစ်ခဲ့ရတာ

မနိုင်ဝန်ကို မငြင်းချင်လို့

ညွတ်ခွေ စိတ်ဓာတ်ထမ်းပိုးပေါ်မှာ

မသိကျိုးကျင် အငြင်းပွားမှုတွေရှင်သန်

မင်းတို့ ထည့်မတွက်တဲ့ ငါ့အလိုဆန္ဒတွေ

အမှိုက်ပုံက ခွေးသေကောင်လိုပါ။

အိုးပိုင်အိမ်ပိုင် အမည်နာမရယ်

အိုးမဲ့အိမ်မဲ့ လက်တွေ့ ဘ၀ရယ်

အသွားပဲဖြစ်ဖြစ် အပြန်ပဲဖြစ်ဖြစ်

နွံနစ်နေတဲ့ အထီးကျန်တေးသွား

နံရံပေါ်မှာ

လက်သီးရာ

ဖနောင့်ရာ

မျက်ရည်

တောက်ခတ်သံပဲ့ တင်တွေနဲ့။

ပြက္ခဒိန်ထက်မှာ

မျှော်လင့်ချက်မဲ့လက်ချောင်းတွေ

အရည်မရအဖတ်မရ

ရက်တွေတွက်ရေလို့

ကြည်နူးခြင်းကို

နဖူးတွေ့ ဒူးတွေ့ မကြုံမီ

နှုတ်ဆက်စကားဦး

ဖူးပွင့်ခဲ့ရတဲ့ အဖြစ်များပေါ့။

ပြန်မော့မလာတဲ့ စိတ်ကို ထပ်ရွဲ့ ပြီး

စွန်တစ်စင်းလွှတ်တင်လိုက်တယ်

ဒီနေ့လည်း

လေလုံးဝမတိုက်ပြန်ဘူး ။  ။

No comments:

Post a Comment