Sunday, January 15, 2012

၆၆ မှသည် အနန္တဆီသို့.

၆၆ မှသည် အနန္တဆီသို့.

ချစ်သောမိခင်

ဒေါင်းရာဇဝင်ရင်မှာရေး

လင်ဝေးသားဝေး မိသားစုရေးဘေးဖယ်လို့

ကျွန်တော်တို့နဲ့ အတူမြေကြီးဆန်ခဲ့သူ…

ချစ်သောမိခင်

ဒီမိုကရေစီကို မမြင်မထိဖူးပေမယ့်

သင့်သစ္စာတရားနဲ့ စွန့်လွှတ်မှုများကိုရှုရှိုက်ရယုံဖြင့်

ဒီမိုကရေစီကို ကျွန်တော်ယုံကြည်ခဲ့သည်…..

ချစ်သောမိခင်

ယုံကြည်ချက်ကိုရှင်သန်စေသူ

မျက်ဝန်းတောက်တောက်

ဗမာဆန်ဆန်၊ ဆိုစကားနက်နက်

ပြတ်ပြတ်သားသား ခွန်အားထက်ထက်

ဦးဆောင်တတ်သူ….

ချစ်သောမိခင်

ဒီ ၆၆ မှာလည်း

အလင်းမဆောင်နိုင်သေးပေမယ့်

အမှောင်ကိုဆက်လက်ခွင်းနေနိုင်ခဲ့သူ…။

ချစ်သောမိခင်

ဒီ ၆၆ အထိ

လမ်းလျောက်နေသေးသလို

လမ်းလည်းမပျောက်သေး……

ချစ်သောမိခင်

ဒီ ၆၆ ပြီးနောက်

နောက် ၆၇၊ ၆၈…၁၀၀..၂၀၀ဖြစ်ပါစေ

အမိမြေမှာ မကြွေသောပန်း

No comments:

Post a Comment