Sunday, January 15, 2012

အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုခြင်း

အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုခြင်း
ကောဇာ မှတ်ရေး ၊ လေးဆဲ့ခုနစ် ခု ၊ ရတု နှင်းအံ ၊ ဆီးကျံကျံနှင့်၊ ဇန်န၀ါရီ ၊ ခွါညိုစီတဲ့ ၊
ရာသီ ညို့မှိုင်း ၊နှစ်ဦးပိုင်း မှာ ၊ တိုင်းပြည် လွတ်ရန် ၊ အင်္ဂလန် နှင့် ၊ ဖန်ဖန် ကူးသန်း ၊ ဗိုလ်
အောင်ဆန်း က ၊ နန်းရင်းဝန်မည် ၊``အက်တလီ´´ကို ၊``ကိုယ့်ပြည်ကိုယ့်မင်း၊ကိုယ်ပိုင်နင်းပြီး
ရှင်းရှင်း လွတ်လွတ် ၊ ကွင်းလုံးကျွတ် တဲ့ ၊ လွတ်လပ်စွာ ဒို့ ၊ နေမဗျို့´´ လို့ ၊ ကျို့သံ မပါ ၊
မာသံ မနှော ၊ မှန်ရာပြော ကို ၊ သဘောကြိုက်ညီ ၊ အက်တလီ က ၊``ကောင်းပြီ ကွယ်ရို့ ၊
ပေးမည် ဒို့ ´´ဟု ၊ ချုပ်စို့လား စာ ၊ စက္ကူလွှာတွင် ၊ လွတ်ရာစာတမ်း၊ လက်ဆင့်ကမ်းသည် ၊
``အောင်ဆန်း အက်တလီ စာချုပ်´´ တဲ့ ။

No comments:

Post a Comment