Sunday, January 15, 2012

ပင်လုံညီလာခံ၌ သွေးစည်းခြင်း တိုင်းရင်းသား

ပင်လုံညီလာခံ၌ သွေးစည်းခြင်း တိုင်းရင်းသား
သည်ဆောင်း ဟေမန် ၊မြောက်ပြန် လေညင်း ၊ ငွေနှင်း ဝေေ၀ ၊ မှုန်ပြေပြေ တည့် ၊
ဖေဖေါ်ဝါရီ ၊ လ ရာသီ ၀ယ် ၊ အက်တလီ  ထံ ၊ အင်္ဂလန်  မှ ၊ ပြန်လို့  ဆိုက်ရောက် ၊ ယား
မဖျောက်ဘဲ ၊ တောက်လျှောက်ဘဲတော် ၊ ဟိုတောင်ပေါ်ပေါ့ ၊ ပျော်စချင့်ညို့ ၊ တောင်စို့စို့
နှင့် ၊ မြို့တော် ပင်လုံ ၊ စုံသည်လူမျိုး ၊ မိုးသို့ စွင့်ပျံ ၊ ညီလာခံ ၌၊ နှုတ်သံရွတ်ရွတ် ၊တတွတ်
တွတ်နှင့်၊ လွတ် လွတ်လပ်ရေး၊ စိတ်ဓါတ် နွှေးခဲ့၊ မဝေးမပြား ၊ တသွေးသားမို့၊ ကျားကျား
မမ ၊ မကွဲကြနဲ့ ၊ ပြည်မ တောင်စောင်း၊ ညီတုံရှောင်းက၊ နှာခေါင်းသို့ ချဉ်း၊ ကျွန်ဗွက်တွင်း
မှ ၊ လွတ်ကင်း ရအောင် ၊ ကျုပ် ကယ်ဆောင်အံ့ ၊ ညီနောင် မခြား ၊ တိုင်းရင်းသားကို ၊
ရွှေပြားနှယ် ကုပ် ၊ မေတ္တာ အုပ်လို့ ၊ ဗိုလ်ချုပ် သွေးစည်းခဲ့တာလေ ။

No comments:

Post a Comment