Sunday, January 15, 2012

မြို့တော်ခန်းမကြီး၌ အရေးကြီးသော မိန့်ခွန်း မြွက်ကြားခြင်း

မြို့တော်ခန်းမကြီး၌ အရေးကြီးသော မိန့်ခွန်း မြွက်ကြားခြင်း
ဇူလိုင်ဆယ့်သုံး ၊ မြို့လုံးအကျွတ် ၊ မြေကြီးညွှတ်မျှ ၊ လွတ်လပ်တော့မှာ ၊ သေချာတာမို့ ၊
လွတ်လာတော့ကို ၊ ဘာတွေ လို၍ ၊ ဘယ်လို နေထိုင် ၊ ဘာ လုပ်ကိုင် ဟု ၊ နိုင်ငံလွတ်စ ၊
နေတတ်ကြအောင် ၊ ခန်းမမြို့တော် ၊ စည်းဝေး ခေါ်ပြီး ၊ အုတ်အော် သောင်းသောင်း ၊
လူထုပေါင်း ကို ၊ နွေနျောင်းဝသန် ၊ ဂျိုးဂျိမ့်ညံ၍ ၊ မိုးသံကလှုင် ၊ ချောင်း ရေ အိုင် နှင့် ၊
ချမ်းနိုင်ရှာဘဲ ၊ ရွှဲချင် ရွှဲတဲ့၊ မိုးဖွဲ ဖြုန်းဖြုန်း ၊ လေဟုန်းဟုန်း တွင် ၊ ဆုံးလဲ ဆုံးမ ၊သြ၀ါဒ
ဖြင့် ၊ လမ်းပြရှေ့တန်း ၊ ဗိုလ်အောင်ဆန်းကား ၊ လွမ်းပန်း သီခဲ့ရှာ ထင်ရဲ့ ... ။

No comments:

Post a Comment