Sunday, January 15, 2012

နယ်ချဲ့လက်ပါးစေများ လက်ချက်ဖြင့် ကျဆုံးခြင်း

နယ်ချဲ့လက်ပါးစေများ လက်ချက်ဖြင့် ကျဆုံးခြင်း
ခန်းမ မြို့တော် ၊ စည်းဝေး ခေါ်၍ ၊ ရက်သော် မကြာ ၊ ကာလမများ ၊ ခြောက်ရက်
ခြားပေါ့ ၊ ဒို့များ ရက်ဆိုး ၊ ရွှေရင် ကျိုးခဲ့ ၊ ဆဲ့ကိုး ဇူလိုင် ၊ ဘယ် မေ့နိုင်လိမ့် ၊ မဏ္ဍိုင်
တံခွန် ၊ ပြည့် သားမွန် ကို ၊ စွယ်ချွန်  ပြူးပြူး ၊ ခွေး ဘီလူးတို့  ၊ ရှူးရှူး  တိုက်တိုင်း ၊
လွှတ်စည်းဝိုင်းတွင် ၊ မဆိုင်းဝင်ကပ် ၊ ပစ်ခွင်းသတ်လို့ ၊ ကင်းပြတ်ဇီဝိန် ၊ ခါသည်ချိန်မှာ ၊
မငြိမ် စိတ် ၀မ်း ၊ ရွှေတုတ်  နွမ်းခဲ့ ၊ အလွမ်း  မှလေ ၊ ပြေပါစေ လို့ ၊ ရွှေသဲပြင်သွေး ၊
မျက်ရည် နွေးနဲပ ၊ ရေးရ တုံရီ ၊ စာမပီလဲ ၊ သီလို့ သ ရ ၊ ဘ၀ ကဗျာ ၊ ဤ အလွှာဖြင့် ၊
ဂါရ၀မှု ၊ အလေးပြုပါတယ် ဗိုလ်ချုပ်ရယ် ..

No comments:

Post a Comment