Sunday, January 15, 2012

နေသူရိန် အစည်းအဝေးမှ လွတ်လပ်ရေး တောင်းဆိုခြင်း

နေသူရိန် အစည်းအဝေးမှ လွတ်လပ်ရေး တောင်းဆိုခြင်း
ဖက်ဆစ် ကျင့်တန် ၊ ဂျပန် စစ်မီး ၊ ငြိမ်းပြီးသည့် နောင် ၊ ဗိုလ်ချုပ်အောင်ပေါ့ ၊ တထောင်
ကိုးရာ ၊ လေးဆယ် သာတဲ့ ၊သင်္ချာ အညွှန်း ၊ ငါးခု စွန်းမှာ ၊ရေမွန်း ကမ်းလျှံ ၊ မြစ်ယံ သမုဒ် ၊
သြဂုတ် ဆဲ့ကိုး ၊ ရေဖြိုးဖြိုး နဲ့ ၊ မိုးတွင်းအချိန် ၊ ရွှေ သိင်္ဂုတ္တရ ၊ တောင်များ ရှေ့စောင်း၊ ကန်
တော်ချောင်းဝယ် ၊ သိန်းသောင်း အရှိန် ၊ ``နေသူရိန်´´တဲ့ ၊ ဝေထိန်လျှံဝင်း ၊ ရုံတော်တွင်းမှာ ၊
ရဲတင်း သံကြွေး ၊ ``လွတ်လပ်ရေး´´ ကို ၊ ပေးဘို့ စကား ၊ ကမ္ဘာ ကြားအောင် ၊ နားကွဲ မတတ်
ပါဘဲတော် ... ။

No comments:

Post a Comment