Sunday, January 15, 2012

ဒေါင်းက တဲ့ နေ့ (မောင်စိန်ဝင်း-ပုတီးကုန်း)

ဒေါင်းက တဲ့ နေ့ (မောင်စိန်ဝင်း-ပုတီးကုန်း)

ဘယ်တောမှာနေနေ
ဘယ်မြေကိုပြောင်းပြောင်း
အရေးအကြာင်းဆို
သွေးမပြောင်းပါဘူး



ရှေးဒေါင်းတို့ရဲ့သမိုင်းအစဉ်၊
တိုင်းပြည်နဲ့လူမျိုး
ပြည်သူအကျိုးဆိုအကြောင်းမရွေး
ဒေါင်းသွေးနီခေါင်းမညွတ်
ဒေါင်းခွပ်ခဲ့ရာဇ၀င်၊
ပြည်သူတွေနဲ့ထာဝရမခွဲ
ပြည်သူထဲမှာအတူနေ
အပူဝေအတူမျှ
ဒုက္ခအထွေထွေကလွတ်ကြောင်း
ခွပ်ဒေါင်းမှန်လျှင်ရန်မြင်သမျှရင်ဆိုင်တွေ့၊
စမ်းကလေးတွေအေး
ပန်းကလေးတွေမွေး
ငှက်ကလေးတွေတေးဆို

ငြိမ်းချမ်းရေးကိုသူကြိုတော့
မြိုင်ယံညို ဟိုးရိုးအခြေက
အိုးဝေ အိုးဝေ မင်္ဂလာအပေါင်းခရအောင်
(အဲဒီနေ့ဟာ) ဒေါင်းကတဲ့နေ့၊
 http://www.8888peopletoday.net/ မှ ကူးယူဖော်ပြပါတယ်ဗျာ..

No comments:

Post a Comment