မင်း....ငါ နဲ့ ဆံဖြူသွားတဲ့ မြို့ ကလေး...´
၁။အဲ့ ဒိ ညနေကမိုးတွေ သည်းသည်းလှုပ်ရွာတာ မပြောပါနဲ့ တော့ ...
နာမည်မရှိတဲ့ 
ပလပ်ဖောင်း ကော်ဖီဆိုင်လေးမှာထိုင်ရင်း
ရေစိုနေတဲ့ အတိတ်ကားချပ်တွေ လူးလွှင့် ပျံသန်း
ဘယ်အတွေးအခေါ် ပညာရှင်ကြီးတွေရဲ့ 
ဒသန မှ မပါဘဲ၊
မင်းရောငါရော....
ဟို အရင်လို မဟုတ်တော့ တာ သေချာတယ်....။
၂။ရောက်စက..
ရန်ကုန်မိုးကို ချစ်တယ်..။
ရက်စက်တဲ့  မိုးရယ်...ဘယ်သူကမှ
ရက်စက်မှုကို မနှစ်မျို့ ပါဘူး....
ခုတော့  (ရန်ကုန်)မိုးကို မုန်းလိုက်ကြတယ်။
၃။ဆူးလေ လမ်းမကြီးမှာ
ဘ၀တွေရှိတယ်။
ငါတို့  ထိုင်နေတဲ့ ကော်ဖီဆိုင်လေးကလဲ
မျှော်လင့် ချက်တွေရှိတယ်၊
ဖိနပ်တွေ စီးထား...မဟုတ်ရင်
ရေစီးချောင်းထဲ မျောပါသွားဦးမယ်။
မီးခြစ်တောင်းတာ ခုထိ မရသေးဘူး
ရေနွေးကြမ်းက အငွေ့ ပျောက်
ကျောပြင်မှာ ရေစိုစွဲ
ဟိုမှာလေ...
ဘ၀ဆိုတာတွေ လမ်းဖြတ်ကူးနေကြတယ်.....။
၎။မင်းက...ဘုံဆိုင်လေးမှာ
မူးဝေနေအောင်သောက်
ပုဆိုးစလွယ်သိုင်း..တစ်ယောက်တည်းလမ်းလျှောက်ပြန်ရတာ
crazy ဖြစ်တယ်တဲ့ ။
အောက်က ဘောင်းဘီဝတ်ထားလား
ငါမမေးတော့ ပါဘူး။
လူဆိုတာ ရူးသွပ်နေ၇ရင် ဘာမှ မရှိတော့ ဘူး..၊
ငါကတော့ ...ဘာမှ မရှိတဲ့  အချိန်တွေမှာ ရူးသွပ်နေခဲ့ တယ်
အဲဒါ...ငါ
အမုန်းဆုံး ညစာ.........။
၅။ဝါကျစ်ကျစ် အနွမ်းတစ်ထည်နဲ့ 
မှုန်ကုပ်ကုပ်ခြောက်သွေ့ ၊
အဲဒါ..မြို့ တော်ခန်းမလား။
ဘာမဆိုင် ညာမဆိုင် အလွမ်းက
ရှေးမြန်မာ အကြောင်းတွေဆီ ခုတ်မောင်း....
ငါက ကဗျာဆရာ လုပ်မယ်ပြောတယ်
မင်းက..မသောက်ရသေးတဲ့  ကော်ဖီတံဆိပ်အကြောင်းပြောတယ်။
ရယ်တော့ ရယ်ရသား....
ချစ်သူတော်ချင်လို့  နောက်က
ထပ်ချက်မကွာ လိုက်ကာမှ
ကောင်မလေးက ပိုက်ဆံအိပ် ကျပျောက်
မင်းတော့ ရေလည် ဆွေးပြီးပဲ.၊
ဒီလိုပါပဲ
မိန်းမဆိုတာ နှစ်မျိုးပဲရှိတယ်တဲ့ 
`x x x x x x ရယ် x x x x x x´တဲ့ 
လက်ခံပါတယ်သူငယ်ချင်း။ဒါပေမယ့်  ငါကိုယ်တိုင်ပဲ
အဲဒိစကား ဆင်ဆာ ဖျတ်တယ်။
၆။မင်းက.လိုက်ခဲ့ ဖူးတဲ့  မိန်းမတွေထဲမှာ ကိုယ့်ကို
ရှားရှားပါးပါး ပြန်ကြိုက်တဲ့  တစ်ယောက်ကို
အချစ်ဆုံးတဲ့ ။
(ဟဲ ဟဲ...။)တဲ့ ။
ငါတော့ ...july မိုးတိုင်း
မပျက်မကွပ် စွဲနင့် ကြေကွဲ။
မင်းမသိလို့ ပါ
27 ရက် ငါ့ မွေးနေ့ မှာ
ငါနဲ့  နှင်းဆီဖြူပင်လေး
ခိုက်ခိုက်တုန်အောင် ချမ်းခဲ့တယ်။
၇။မပူတဲ့  ရေနွေးကြမ်းကို စိတ်ပျက်တယ်
လ္ဘက်သုပ်က သဲကိုက်တယ်
ဆေးလိပ်ကို မီးဖိုမှာ သွားညှိရတယ်
(၆)နာရီ က ခွဲတော့ မယ်.......
ဒီလိုပဲပေါ့ ။ ။ ။ ။ ။
တိမ်တွေမှာလဲ ပြောချင်တဲ့  စကားတွေရှိမယ်
လူကူးမျဉ်ကြားကြီးမှာလဲ စကားတွေရှိမယ်
ပလပ်ဖောင်းကြီးမှာလဲ စကားတွေရှိမယ်
မီးပွိုင့် ကြီးမှာလဲ ရှိမယ်...
ဟို ခက်မြင့် မြင့် ဆောက်အဦးကြီးမှာလဲ၇ှိမယ်
လူတွေ ဆီမှာလဲ ရှိမယ်
နေရာတိုင်းမှာလဲ ရှိမယ်.....ရှိလိမ့် မယ်
မပြောသင့် ဘူးထင်လို့ သာ
ကြေကွဲပက်လပ် နေခဲ့ ကြတာပေါ့ 
ဒီလိုနဲ့ 
မင်းရော ငါရော
တိမ်တွေ ငိုပွဲဆဲချိန်မှာ
ဘယ်သူ့ ဘယ်သူမှ နှုတ်မဆက်ပဲ
ကျောခိုင်းလမ်းခွဲ ပြန်ခဲ့ တယ်။..........။
No comments:
Post a Comment