Friday, January 20, 2012

ပြည်သူ့ဆန္ဒ ထုတ်ဖေါ်ကြ

ပြည်သူ့ဆန္ဒ ထုတ်ဖေါ်ကြ





နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး
တိုင်းရင်းသားများအားပစ်ခတ်ခြင်းမှရပ်စဲရေး အတွေးအထိုထို အရေးတွေဆို
ပြည်သူ့ကိုမျက်ကွယ်ပြု
အာဏာတခုသာကြည့်တဲ့အစိုးရ
ဘယ်လိုလူထုထောက်ခံမှု မျှော်ရှုနိုင်မလဲဗျ။




 
တောင်းဆိုတဲ့အသံ မိုးလုံးထိညံ
တောင်ပံလိုဝဲဖြန့် ကမ္ဘာအနှံ့ပြန့်
စိတ်က မသန့် လိပ်ပြာလန့်အောင်
အော်သံတွေက တသမတ်ခြောက်လှန့်။

မကြားချင်လို့မရ မလန့်ချင်လို့မရ
စူးရှတဲ့အော်သံ အမြဲပဲဆူဆူညံ။

သင်တို့အတွက် ဒီအော်သံတွေဟာ
နားထဲတိုးဝင်လာတဲ့ ငှက်ဆိုး သံတွေဖြစ်မှာမလွဲ။

ထောင်ထဲကနိုင်/ ကျဉ်းသားတွေအဖို့တော့
ကလ၀ိတ် ကြိုးကြာသံ ဖြစ်မှာအမှန်ပါပဲ။



ကျောင်းနံရံတ၀ိုက် ဒေါင်းအလံ စိုက်ကြပါစို့......အချိန်တန်ပြီ။

ကမ္ဘာကြီးကြားအောင်... အော်ကြမယ်....
မင်းကိုနိုင်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားအားလုံး.. ချွင်းချက်မရှိလွှတ်ပေးပါ။
Free Min Ko Naing ဖေ့ဘုတ်ကအော်သံများ

ကျနော်တို့ဒီနေ့ကစပြီး နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး အတွက် ပြည်သူတရပ်လုံးက တောင်းဆိုကြ၊
နည်းလမ်းမျိုးစုံနဲ့ ဆန္ဒတွေဖေါ်ထုတ် သွားကြမယ်ဆိုရင်.. ဘယ်လို မတရားမမျှတတဲ့ အာဏာရှင်မဆို.. ကြာရှည်လျစ်လျူရှု နေနိုင်မှာ မဟုတ်ပါဘူး။
နေ့ရှိသရွေ့၊ ညရှိသရွေ့ ပြည်သူတရပ်လုံးက နိုင်ငံရေး အကျဉ်းသားတွေလွတ်မြောက်ဖို့ တောင်းဆို ဖေါ်ထုတ်သွားကြပါစို့ဗျာ။

No comments:

Post a Comment