Friday, January 20, 2012

ခွပ်ဒေါင်းတတွေ ခွပ်ကြမှာမသွေ

ခွပ်ဒေါင်းတတွေ ခွပ်ကြမှာမသွေ



ငုနှင့်ပိတောက် စုနှင့်ခမောက်
လျှမ်းလျှမ်းတောက် ဘာမထီ
အာဇာနည်ဦးအောင်ဆန်း
သွေးလွှမ်းတဲ့သမီးပီပီ။

ကြောက်စိတ်မရှိပြီ
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွက်
အသက်ပင်သေသေ
အရိုးပင်ကျေကျေ
အရေပင်ခန်းခန်း
အမှောင်တန်းတဲ့ထောင်စခန်းမှာ
အချောင်ဖမ်းထားတဲ့နိုင်/ ကျဉ်းသားများအား
ညှင်းပန်းနှိပ်စက် လူ့ပုံပျက်နေရင်
ရှင်လျက်နှင့်သေ ဘယ်ဥပဒေမှမရှိ
တိုင်းပြည်အတွက် နစ်နာချက်သာ
ဖြစ်နေပါသည်။

လူထုအော်သံ မိုးလုံးညံပြီ
ဟန်ဆောင်မကြား နားပင်းထားလျှင်
သွားရမည့်လမ်း ဒီမိုကရေစီစခန်းမှာ
အလင်းတန်းကွယ်ပျောက်
အမှောင်ထဲရောက်မည်
ချောက်ကမ္ဗားထဲ လျှောက်သွားသလိုပဲ
မှောက်လဲကာကျ ပေါက်ပြဲကာမထ
ရင်ဝကိုလှံစူး အရူးတပိုင်း
မီးတွေဝိုင်းပြီး နေချင်တိုင်းမနေရ
သေချင်တိုင်းလဲမသေရ
မသေမရှင် လူ့လောကငရဲတွင်
ယစ်ပလ္လင်အပူဇော်ခံနေရအုံးမှာ။

လူထုရဲ့ဆန္ဒ မျက်ကွယ်မှု မပြုရ
ယခုမနှေး ဖင့်မလေးဘဲ
ဖွင့်ပေးလိုက်ပါတော့ထောင်တံခါး။

ဤသို့မပြု ဆန့်ကျင်မှုပြုခဲ့ပါရင်
လူထုရဲ့ကြွေးကြော်သံ
ဒေါင်းအိုးဝေရဲ့တွန်သံတွေ
မိုးလုံးထိပျံ ဆူဆူညံ
အမှန်မလွတ် တောင်တမွတ်မှာ
ခွပ်ဒေါင်းတောင်ပံတင်း ခုန်ဆင်းလာလိမ့်မည်။
လွှတ်လော့ ကျွတ်လော့ အမြန်လွှတ်လော့။

No comments:

Post a Comment