Sunday, January 15, 2012

ဂျပန် ကို တော်လှန်ရန် မဟာမိတ်နှင့် ဆက်သွယ်ခြင်း

ဂျပန် ကို တော်လှန်ရန် မဟာမိတ်နှင့် ဆက်သွယ်ခြင်း
ကိုယ့်ပြည်တိုင်းခွင် ၊ လွတ်လပ်ချင်၍ ၊ ပြင်ပအကူ ၊ ဂျပန်ယူပြီး ၊ ရန်သူအပြုတ် ၊ မောင်းနှင်
ထုတ်လဲ ၊ ကျုပ်တို့ အပေါ် ၊ အဆွေတော် တဲ့ ၊ ခေါ်လာ ဂျပန် ၊ အကျင့် တန်လို့ ၊ မခံနိုင်အား ၊
အသဲယားခဲ့ ၊ ကျားကြောက် ရှင်ကိုး ၊ ကျားထက်ဆိုးကို ၊ ဒဲ့ဒိုး ပက်ပင်း ၊ ကြုံရလျှင်းက ၊ ခံပြင်း
အံကြိတ် ၊ တိတ်တဆိတ်ပေါ့ ၊ မဟာမိတ်နဲ့ ဆက်သတော့ ... ။
ဖက်ဆစ်ဂျပန် ၊ နှံဘို့ အတွက်၊ နှက်ဖို့ အရေး၊ မက်လုံးပေးလို့ ၊ ရှေးကရန်သူ၊ ဖြစ်ခဲ့မူလည်း ၊
ခုမူ မိတ်ဖြစ် ၊ ကြိုးနှယ် ကျစ်ပြီး ၊ ဖက်ဆစ် တွန်းလှန် ၊ လွတ်မြောက်ရန် ဟု ၊ ပြင်းထန် ဆန္ဒ ၊
လျှို့ဝှက်စွဖြင့် ၊``ဖ ဆ ပ လ ´´ ၊ ဥုံဖွ လူပေါင်း ၊ စုစည်းဆောင်းပြီး ၊ ချက်ကောင်း စောင့်လို့
နေခဲ့၏ ။

No comments:

Post a Comment