Sunday, January 15, 2012

အိမ်ထောင်ရှင် ဗိုလ်ချုပ်အောင်ဆန်း

အိမ်ထောင်ရှင် ဗိုလ်ချုပ်အောင်ဆန်း
ရန်ကုန်မြို့ကြီး ၊ သိမ်းပိုက်ပြီး၍ ၊ ခရီးကကြမ်း ၊ စစ်ကြောင့်နွမ်းမို့ ၊ အပန်းဖြေရင်း ၊ ဆေးရုံ
ချဉ်းပြီး ၊ အားသွင်း နေစဉ် ၊ ``ဖူးစာရှင်´´ တဲ့ ၊ ဒေါ်ခင်ခင်ကြည် ၊ ဆင်းသိင်္ဂီ နဲ့ ၊ ချစ်ရည် တူမျှ ၊
လက်ထပ်ကြပြီး၊ လ-ဇူလိုင်ရောက် ၊ မြှောက်စားရာထူး၊ ဗိုလ်မှူးကြီးအရာ၊``မဟာသေနာပတိ´
ကျော်ကိတ္တိဖြင့် ၊တိုင်းသိပြည်ပေါ် ၊ ကမ္ဘာကျော်ရော့ ၊နောက်သော် ဆင့်ပြီး ၊ ``စစ် ၀န်ကြီး´´တဲ့ ၊
ချီးအံ့ဖုံဖုံ ၊ ဘယ်မှာ ကုန်လိမ့် ။

No comments:

Post a Comment