Monday, January 16, 2012

*ကျောင်းသားနဲ့ နိုင်ငံရေး*

*ကျောင်းသားနဲ့ နိုင်ငံရေး*
ကျောင်းသားတွေ နိုင်ငံရေး `` လုပ်ရ ´´ ၊ `` မလုပ်ရ ´´ ဆိုတဲ့ပြသာနာဟာ သံယာတွေ
နိုင်ငံရေးလုပ်ရ၊၊ မလုပ်ရဆိုတဲ့ ပြသာနာလိုပဲ မြန်မာ့ခောတ်သစ်သမိုင်းတလျှောက်
ဆွေးနွေးခဲ့ကြဖူး ပါတယ်။
ခုလည်း ဆွေးနွေးဆဲပါပဲ။ ဗမာပြည်မှာ ဒီအကြောင်းအရာကို လွန်ခဲ့တဲ့ ( ၁၅ )
နှစ်လောက်က ထင်ပါရဲ့။ ဆောင်းပါးရှင်တဦးက 
တင်ပြဖူးပါတယ်။ ခေါင်းစဉ်ကတော့ ``
ကျောင်းသား နိုင်ငံရေး လုပ်သင့်၊ မလုပ်သင့်´´
လို့ တိုက်ရိုက်တပ်မထားပါဘူး။ ဆောင်းပါးထဲမှာ ထည့်သွင်းဆွေးနွေးထားတာက
မျိုးဆက်သစ်တွေတိုးတက်ရစ်ချင်ရင် ကျောင်းသားဘ၀မှာ နိုင်ငံရေးမလုပ်ဖို့ပါပဲ၊
ဒီအချက် တခုငြိနေပေမယ့် `` ကျောင်းသားနိုင်ငံရေး လုပ်သင့်တာပေါ့ ´´ လို့
ဘယ်သူမှ ပြန်မရေးကြပါဘူး။ ရေးရင် ဖမ်းမှာကိုး။
`` စစ်သား နိုင်ငံရေးလုပ်သင့် မလုပ်သင့် ´´ ဆိုတာတော့ စဉ်းစားခွင့်ကို
ပေးမှာမဟုတ်ဘူး။
`` လုပ်သင့်တယ် ´´ ဆိုရင် အောက်ခြေစစ်သားတွေက နိုင်ငံရေးထလုပ်ရင် ဒုက္ခ၊ ``
မလုပ်သင့်ဘူး ´´ ဆိုရင်
လည်း သူတို့စစ်တပ်အကြီးအကဲတွေက လုပ်နေပြန်တော့ဒုက္ခ၊ သူတို့က
နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။ ကယ်တင်နေတာတဲ့။ ဒါလည်းဟုတ်သလိုပဲ။ သူတို့က
နိုင်ငံရေးမလုပ်ဘူး။ စီးပွားရေးပဲလုပ်တာကိုး။ ကယ်တင်တာကတော့
ဗိုလ်ချုပ်တွေကိုပဲ ကယ်တင်နေတာလေ။ နိုင်ငံရေးမလုပ်ပါ `` နိုင်ငံရေးလုပ်စား´´
ကြတာပါ။
တကယ်တော့ မြန်မာ့ခေတ်သစ်သမိုင်းဟာ ကျောင်းသားသမိုင်းပဲ။ ကျောင်းသားတွေနဲ့
နိုင်ငံရေးလှုပ်
ရှားမှုသမိုင်းပဲ။ မြန်မာ့ခေတ်သစ်သမိုင်းရဲ့ အကြီးဆုံးနိုင်ငံရေးလှုပ်ရှားမှုက
၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ်
ကျောင်းသားတွေရဲ့ ပထမကောလိပ်သပိတ်ပဲ။ ဒါဟာ ပထမဆုံး ပညာရေးတိုက်ပွဲ၊
ကျောင်းသားအခွင့်အရေး
တိုက်ပွဲ ဖြစ်တဲ့အပြင် ပထမဆုံး အမြင့်ဆုံး အမျိုးသားရေးတိုက်ပွဲနဲ့
ပထမဆုံးဒီမိုကရေစီရေး တိုက်ပွဲလည်းဖြစ်
ပါတယ်။
၁၉၃၀ ပြည့်နှစ် တ၀ိုက်မှာ သခင်ဘသောင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဂန္တလောကမဂ္ဂဇင်း
အယ်ဒီ
တာ၊ ဘာသာပြန်ဆရာ လုပ်နေရာကထွက်ပြီး ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်တော့လည်း
သခင်လေးမောင်၊ သခင်သိမ်းမောင်၊ သခင်ဗစိန်စတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့
တက္ကသိုလ်ထဲမှာ
ဒို့ဗမာသီချင်းဆိုရင်း စတင်ခဲ့တာပဲ မဟုတ်လား။
ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေခေါင်းဆောင် `` လူကြီးလူကောင်း ´´ တွေ
ဒူးညွတ်ကုန်ကြတော့
ဒို့ဗမာသခင်ကျောင်းသားတွေက လွတ်လပ်ရေးတိုက်ပွဲ အလံကို ဆက်လက်သယ်ဆောင်ခဲ့ကြရတယ်။
၁၉၃၆ ခုနှစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်၊ မအုန်း၊ မအမာတို့ရဲ့
ဒုတိယကောလိပ် သပိတ်၊ ၁၉၃၈ ခုနှစ်
ဗိုလ်အောင်ကျော်တို့ရဲ့ တတိယကောလိပ် သပိတ်တို့ဟာလည်း ကျောင်းသားတွေ
အသက်ပေးမြှင့်တင်ခဲ့
ကြတဲ့ လွတ်လပ်ရေးတိုက်ပွဲပဲ မဟုတ်ပါလား။
ကိုနု၊ ကိုလှဖေ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေစတဲ့
ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ
ဟာ ၁၉၃၈ခုနှစ် ကျောင်းသားသပိတ်အပြီးမှာ သခင်တွေ ဖြစ်လာကြတယ်။
ဒို့ဗမာအစည်းအရုံးကို သခင်အောင်ဆန်းတို့ ဆက်လက်ဦးဆောင်တယ်။ ၁၉၂၀ခုနှစ် ကတည်းက
``ထီမထင် ကျောင်းတော်သားတွေ
ရဲ့ ၊ အမည်အစဉ်ခေါင်းပေါ်ဖျားမှာ ၊ မင်းတို့ဆရာကို စာရင်းတို့သာ ထားလိုက်ပေတော့
´´လို့ ကြွေးကြော်ပါ
ဝင်လာခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှာ ကျောင်းသားတွေက ဆက်လက်ပြီး
ဦးဆောင်မှုကို ခံယူခဲ့ကြ
တယ်။
ဗမာ့တပ်မတော်သမိုင်းဆိုပြီး ရေးကြရင်လည်း ဗိုလ်နေ၀င်းတို့၊ ဗိုလ်အောင်ကြီးတို့
စစ်အာ
ဏာရှင်သားအဖ မိုင်းဗုံးနဲ့ ဖြိုခွဲခဲ့တဲ့
ရန်ကုန်တက္ကသိုလ်ကျောင်းသာသမဂ္ဂအဆောက်အအုံက စတင်ရမှာပဲ ဖြစ်ပါ
တယ်။ ဗိုလ်လက်ျာ( သခင်လှဖေ ) ၊ ဗိုလ်အောင်ဆန်း ၊ ဗိုလ်ဇေယျ (တကသဥက္ကဌ
ကိုလှမောင် ) ၊ ဗိုလ်ရန်နိုင်
( ကိုထွန်းရှိန် ) တို့ဟာ လက်နက်ကိုင်တော်လှန်ရေး လုပ်ကြဖို့ကို
သမဂ္ဂအဆောက်အအုံမှာပဲ ဆွေးနွေးစတင်ခဲ့
ကြတာဟာ သမိုင်းပါပဲ။ ဒါကြောင့် `` တပ်မတော်အစ ကျောင်းသားသမဂ္ဂ ´´ လို့
ဆောင်ပုဒ်လုပ်ပြီး ကျောင်းတွေမှာ သင်ရပါအုံးမယ်။ ဒီဆောင်ပုဒ်မှာ
ကန့်ကွက်ငြင်းဆိုပြင်ဆင်စရာ ဘာမှမရှိပါဘူး။
လွတ်လပ်ရေး ရပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အထူးအရေးကြီးတယ်။
ဒါလည်းကျောင်းသား
တွေက ရှေ့တန်းကပါဝင်ခဲ့ကြပါတယ်။ `` မှိုင်းရာပြည့် ´´ တို့ ၊
``ဦးသန့်´´အရေးအခင်းတို့ ၊ ``ရှစ်လေးလုံး အရေးအခင်း´´တို့ ဟာ
ကျောင်းသားခေါင်းဆောင်မှုတွေပါပဲ။ ပေါ်ပေါက်ရတဲ့ အကြောင်းရင်းက စစ်အစိုးရရဲ့
အာဏာရှင်လုပ်ရပ်တွေကြောင့်ဆိုတာ ငြင်းမရပါဘူး။ ရှစ်လေးလုံးဆိုတာ တနိုင်ငံလုံးက
မခံမရပ်နိုင်ဖြစ်နေတဲ့
ငွေစက္ကူကိစ္စ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ လက်တလောကိစ္စတွေကြောင့်
ပေါ်ပေါက်လာခဲ့ရတာပဲ။ စီးပွားရေး၊နိုင်ငံ
ရေး ၊ ဖရိုဖရဲဖြစ်ရတာတွေဟာ အရင်းခံပါပဲ။ ဒါတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေ
ဖြစ်ရတာကို ဗကပယူဂျီတွေ
ကြောင့်လို့ တရားခံရှာရင် ဗကပဂုဏ်တက်မှာပါ။ ဒီနေ့လည်း ``မျိုးဆက်သစ် ´´
လူငယ်လေးတွေဟာ ကျောင်းသားလေးတွေပါ။ သူတို့ရဲ့ ဘ၀အသိနဲ့ သူတို့ထွက်လာခဲ့ကြတာပါ။
အထက်မှာ ကျနော်ဖော်ပြခဲ့တဲ့ ကျောင်းသား နိုင်ငံရေးမလုပ်သင့်ကြောင်း
ဆောင်းပါးရှင်ကို ကျောင်း
သားတစ်ယောက်က `` လုပ်ရင်ဘာဖြစ်မလဲ ´´ ဆိုတော့ `` လုပ်စမ်းကြည့်ပေါ့ ၊
မင်းဘ၀အညွန့်ကျိုးမှာပဲ ´´
တဲ့။ ခုခေတ်မှာ ကျောင်းသားတွေ နိုင်ငံရေးလုပ်ကြလို့ တဦးချင်းအရပြောရရင်
ထောင်ကျ ၊ နှိပ်စက်ခံ ၊ အသတ်
ခံရတဲ့အထိ နစ်နာကြရပါတယ်။ တရားခံက စစ်အစိုးရပါ။ ဒါကို ကျောင်းသားတွေက
``အညွန့်ကျိုးတယ်´´ဆို
တော့ ထမေးတဲ့ကျောင်းသားက ကျနော့်ကို ဒီကိစ္စပြန်ပြောတယ်။ ဆောင်းပါးရှင်
ကျောင်းဆရာဆိုသူပြောတာ
စေတနာနဲ့ပဲ ထားပါတော့ကွာ။ ဒါပေမယ့် `` ကိုအောင်ဆန်းတို့လို ကျောင်းသားတွေ
နိုင်ငံရေးမလုပ်ခဲ့ရင်
ငါတို့မှာ ကျိုးစရာအညွန့်တောင် ရှိမှာမဟုတ်ဘူး ´´ လို့ ပြောလိုက်ရတယ်။
ပီနန်ဆရာတော်ကြီးက `` အိမ် ´´ ထဲမှာနေသူတိုင်းဟာ `` အိမ် ´´ မိုးယိုတာ ၊
ကြမ်းပေါက်တာတွေအတွက် တာဝန်ရှိသလို `` နိုင်ငံ ´´ နင်းကျိုးနင်းကျွံ
ဖြစ်နေတာတွေအတွက် တာဝန်ရှိ
ကြပါတယ်။ နိုင်ငံတော်အတွင်းမှာ အများပြည်သူတွေနဲ့ အတူနေကြရတဲ့ ငါတို့
ရဟန်းသံယာတော်တွေမှာ
လည်း တာဝန်ရှိတာပဲဆိုတဲ့ သဘောထားကို အကြိမ်ကြိမ်တင်ပြခဲ့ပါတယ်။ ဒီသဘောနဲ့
ထပ်တူပဲ အမေလူထု
ဒေါ်အမာက ကျောင်းသားနဲ့နိုင်ငံရေးကိစ္စကို အဖြေပေးခဲ့ဖူးပါတယ်။
`` အမေကတော့ ကျောင်းသားလည်း နိုင်ငံရေးလုပ်သင့်တယ်လို့ မြင်တာပဲ။
ဘာဖြစ်လို့တုန်း
ဆိုတော့ ကျောင်းသားလည်း တိုင်းသူပြည်သားတယောက်ပဲ မဟုတ်လား။ သူတနေ့
လူကြီးဖြစ်လာအုံးမှာပဲ။
အဲဒီတော့ နိုင်ငံရေးမလုပ်ရင် `` အ ´´တယ်။ ပြည်သူလူထုနဲ့အတူရောပြီး
တက်ကြွရမှာပဲ။ လှုပ်ရှားရမှာ
ပဲလို့ မြင်တာပဲကွဲ့။ ကျောင်းသားတွေကို အကုန်လုံး ဟိုရွေ့ ဒီရွေ့ တခါတည်း
ဖရိုဖရဲဖြစ်အောင် အစွမ်းကုန် သူတို့ဘက်က လုပ်တော့တာပဲ။ ကျောင်းသားကို သူတို့က
သိပ်ကြောက်နေတာ။
အဲဒါပဲ အမေမြင်တာ ´´တဲ့။ (လူထု ဒေါ်အမာ )။ ဒါကြောင့် မျိုးဆက်သစ်တို့
တိုးတက်ရစ်ဖို့ အညွန့်တလူလူ
ထွက်ဖို့ရာမှာ ကျောင်းသားတွေ နိုင်ငံရေးမလုပ်လို့ ဖြစ်ကိုမဖြစ်ပါဘူး။ ဒီသံသရာ
ဘယ်တော့ဆုံးမှာလဲဆိုရင်
စစ်တပ်က နိုင်ငံရေးမလုပ်တော့တဲ့အခါ ဆုံးမှာပါပဲ။ ဖိရင်တော့ ကြွမှာပဲ။
ကျောင်းသားရော၊ သံသာရော၊
သီလရှင်ရော၊ အိမ်ရှင်မတွေရော နိုင်ငံရေးထဲပါအုံးမှာပဲဆိုတာ မြေကြီး
လက်ခက်မလွဲပါဘူး။ နိုင်ငံသားတိုင်း
နိုင်ငံရေးနဲ့ ရှောင်လို့မရဘူး။

No comments:

Post a Comment