Sunday, January 22, 2012

အမေသို့ရင်ဖွင့်ခြင်း

အမေသို့ရင်ဖွင့်ခြင်း

အမေ...........
လောကကြမ္မာ ဖန်လာသမျှ
ဘ၀ဆင်းရဲ ဒုက္ခ တွင်းထဲ
မဆင်းသက်လို သူကဆိုသည်
တတိုင်းမရ လိုတိုင်းလည်းမပေးနိုင်
အတွေးယိုင်အမြင်မှားပြီး
ထားဖူးသစ်စာပေးထားကတိ
ဘာတစ်ခုမှသူ မတည်
သားလိုငမွဲ လူဆင်းရဲကို
သက်ထားချစ်သူ မကြည်ဖြူလို့
မလိုစွန့်ပစ် မချစ်တော့ရွေ့
နောက်လူရင်ခွင် ဘုံနန်းရှင်မှာ
သူသာပျော်ပိုက်ဘ၀င်ခိုက်နေတယ် အမေ.......။

အမေ...
အတန်းသွားဖော် ငယ်ကပေါင်းသင်း
ဖော်ရောင်းရင်းတွေရယ်က
မကျွေးနိုင်မစွန့်ကျဲ ပိုက်ဆံမှမရှိဘဲ
မင်းလိုငမွဲ လူဆင်းရဲကို
မပေါင်းသင်းလို နှုတ်ကမဆိုကြပေမယ့်
အမူရာတွေပျက်ယွင်း
ဖယ်ခွာရှောင်ကွင်းသွားကြတယ်အမေ...။

အမေ.....
ဒါတွေဟာသဘာဝမို့
ဘာကိုဘာမှလည်းအပြစ်မမြင်
ဘယ်သူကိုမှ စိတ်မကွက်
အမျက်လည်းမထွက်ခဲ့ဖူးအမေ.....။
အမေ ........
လောကဓံရက်စက်ခါးသီးချက်တွေကြောင့်
သားရည်ရွယ်ချက်တော့ မပျက်နိုင်
ငါသည်သာအသက်ရှင်သရွေ့
ငါချစ်တဲ့င့ါတိုင်းပြည်
တိုးတက်သာယာစေရမည်ပေါ့
ငါတက်နိုင်သမျှဖြည့်စွမ်းရမည်
ခံယူချက်အပြည့် မာန်ဖြည့်ပြီး
သား ကြိုးစားနေတယ် အမေ..

No comments:

Post a Comment