Sunday, January 22, 2012

ကျေးဇူးရှင် မေ့မေတ္တာ

ကျေးဇူးရှင် မေ့မေတ္တာ

လူလောကထဲ ရောက်လာအောင်ပါ

ချစ်မေတ္တာ ချစ်သတ္တိနှင့် မွေးခဲ့တာ

ရင်သွေးလေးများ မွေးလို့လာ

လူလောကထဲ ရောက်လာကာ

မိရင်သွေးလေး ကောင်းဖို့ရာ

အမေ့မေတ္တာ ရှေ့ထားကာ

ကောင်းကျိုးဆုံးမ နည်းလမ်းပြ

ပြုစုပျိုးထောင်ကြ ။



အရွယ်ရောက်လာ ကျောင်းတက်ရန်

စာပေတော်ရန် သင်ပြပေး

ကောင်းစွာပြုစုပျိုးထောင်ပေး ။

ဆယ်တန်းအောင်စာရင်းများ ထွက်လို့လာ

စိတ်ရှေ့ဆုံးပူတာ အမေပါ

အောင်ပြန်တော့လဲ ပြုံးရယ်ကာ

အမေ့မျက်နှာပါ....

အချိန်တန်အရွယ်ရောက် သားသမီးတို့ပေါ့

အတောင်အလက် စုံတယ်ထင်လို့လာ

ပျံသန်းသွားကြရှာ ..

သားသမီးအတွက် ရင်ခွင်တံခါးမပိတ်ခဲ့တာ

အမေတို့များ...

အမေ့မှာတော့ ရင်ကြေကွဲ

အမေ့မေတ္တာပဲ။

ပျံနိုင်သမျှ ပျံသန်းကြ

မပျံနိုင်လို့ ညောင်းလာမှ

အမေ့ရင်ခွင် ခိုလှုံကြ

စိတ်မဆိုးပဲ ချစ်လိုက်ကြတာ အမေပါ

မေမေ့မေတ္တာနှိုင်းယှဉ်ရာ

အတုမရှိတာ

မွေးမိခင် ကျေးဇူးရှင် မေမေပါ။

No comments:

Post a Comment