Sunday, January 22, 2012

ငြိမ်းချင်တိုင်းမရ လူ့ ဘဝ

ငြိမ်းချင်တိုင်းမရ လူ့ ဘဝ
ကံစီမံရာအတိုင်း ပုန်းကွယ်မရ
တိုတောင်းလှတဲ့  လူ့ ဘဝ
အနှေးအမြန် ငါသည်
လာရာလမ်းကို ဧကန်ပြန်ရမည်..။

ငါလာရာလမ်း မူကား
ကြမ်းတမ်းလျင် ကြမ်း
ချောလျင် ချောပါလိမ့် မည်။
အမှန်စင်စစ် ငါသည်
ဗလာနတ္တိ ဘာမှမရှိဆင်းလာခဲ့ ၍
ဤစကားအတိုငိး နတ္တိဗလာပြန်၇မည်။

ဤလူ့ ဘ၀အချိန်
ငါဘာတွေလုပ်ခဲ့ သနည်း။
ကိုယ့် ကိုးမက သူ တစ်ပါးအကိုးအတွက်
စိတ်ကူးထဲတောင်ထည့်  တွက်ခဲ့ ပါသနည်း.။
ကောင်းမူအစုစု ကုသိုလ်ပြုစိတ်
ဖြူစင်သန့် ရှင်း ငါမေတ္တာလည်းကင်းခဲ့ ၏..။


နောက်ဆုးံထွက်သက် ရှုရခက်လို့ 
ကိုင်မကိုင်ရာ တရားဘာဝနာကို
လိုင်းချင်တောင်းတ လိုတိုင်းမရ
ကြောက်လျက်စိတ်ပူ ကျည်မီးအူကို
အဘယ်ငါ ငြိမ်းနိင်တော့ မည်နည်း.။

No comments:

Post a Comment