Sunday, January 15, 2012

နာကျင်ခြင်း လားရာ


နာကျင်ခြင်း လားရာ
ပြဇာတ်ဆန်လိုက်ပုံများ ……
ဝေဒနာတံဆိပ် ကပ်တဲ့
အဆုံးသတ်တာ ခြောက်တိခြောက်ကပ် စွန်းပေလို့ ။
ဘယ်သူက ဘယ်သူ့ကို အပျော်ကြံခဲ့တာလဲ
ဘယ်သူ့ နှလုံးသား ကျောပြင်က
ပူလောင်ပေါက်ပြဲလို့
ဘယ်သူ့အရိပ်ကများ
ရှည်လျားအေးခဲ ကျန်ခဲ့မှာတဲ့လဲ ။
ချစ်ခြင်းတရားနဲ့မှ
ထွေခင်းတမ်း ကစားခဲ့ကြတာကိုး …..။
ဒီလိုနဲ့
ရေစိုခြင်းကင်းတဲ့ April
ဖြေမဆည် အပူသည် ရက်စွဲတွေက
ပြဇာတ်ဆန်နေလိုက်။

No comments:

Post a Comment