Sunday, January 22, 2012

ကုသိုလ်တရား*

ကုသိုလ်တရား*

ကိုယ်ပြုသမျှကံ
ကိုယ့်ဆီပြန်
အမှန်အကျိုးပေးလိမ္မည်--

ကုသိုလ်ကံမှာ အထုံပါ
ကောင်းစွာကံတရားပြန်လာမည်--

အ-ကုသိုလ်တရား စဉ်ဆက်ပွား
ဆိုးရွားကြမ္မာပြန်လာမည်--

ကောင်းမှုပြုစဉ် ဆုလိုချင်
အမှန်ပင်သံသရာရှည်လိမ္မည်--

ကောင်းမှုလုပ်ငြား မေတ္တာပွား
တစ်ပါးအကျိုးသာ မျှော်သင့်သည်--

ကိုယ်ကျိုးအတွက် ကုသိုလ်ဖက်
လောဘရမ္မက်ကြောင့် ညစ်နွမ်းသည်--

ကုသိုလ်ပြုစဉ် ဆုလိုချင်
လောဘမစင်လို့ညစ်နွမ်းသည်--

ကုသိုလ်လုပ်လျှင် မေတ္တာယှဉ်
ကိုယ်ကျိုးမစွက် ဖြူစင်လျှက်
ကောင်းမှုအကျိုး ဆယ်ဆတိုး
အကျိုးခံစားရတတ်သည် --

ကုသိုလ်ပြုတာ စိတ်စေတနာ
လွန်စွာအရေးကြီးလှသည် ။။ ။။

No comments:

Post a Comment