Tuesday, January 17, 2012

လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲဖြစ်ဖို့ ဘာတွေလိုအပ်မလဲ

လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲဖြစ်ဖို့ ဘာတွေလိုအပ်မလဲ



ဟံသာဝတီ ဦးဝင်းတင်(NLDပါတီခေါင်းဆောင်)
လွတ်လပ်တရားမျှတတဲ့ ရွေး ကောက်ပွဲဖြစ်ဖို့ဆိုတာနဲ့ ပတ်သက် လို့ ကျွန်တော်က သိပ်များများ ပြောစရာမရှိဘူး။ ကျွန်တော်က ဥပဒေပညာရှင်လည်း မဟုတ်ဘူး။ ဒီကိစ္စအများစုက ဥပဒေနည်းလမ်း တို့၊ စည်းကမ်းတို့နဲ့ ပတ်သက်တယ် ဆိုသော်ငြားလည်း အစိုးရရဲ့တာဝန် ပဲ။ ပြောချင်တာက လူထုဘက်က ပြောချင်တာ။ လူထုအနေနဲ့ လွတ် လပ်စွာမဲပေးခွင့်။ မိမိတို့ကြိုက်နှစ် သက်တဲ့ သူကို  မဲပေးခြင်းဆိုတဲ့အနေ အထားမျိုးကို လုပ်ပေးရမယ်။ လူထုကိုယ်တိုင်က ငါတို့ကြိုက်တဲ့ သူကိုမဲပေးမယ်။ ငါတို့ မကြိုက်တဲ့ သူကို အခြားပုံစံနဲ့ အတင်းဖိနှိပ်ပြီး တော့ လက်မခံချင်ဘူး။ ငါတို့ဖြစ် စေချင်တဲ့အတိုင်းပဲ ငါတို့ရွေးမှ ငါတို့ ရဲ့အကျိုးစီးပွားအတွက် လည်း ရှိမယ် ဆိုတာ အဲဒါကို နားလည်ဖို့လိုတာ။ နားလည်ဖို့ဆိုတာ


အဲဒီနေရာမှာ ကျွန်တော်က ဒီမိုကရေစီတို့ဘာတို့ သိပ်မပြောချင် ဘူးဗျ။ ဒီကိစ္စတွေက အောက်ခြေလူထုကြားထဲမှာ နားမလည် တာရှိမယ်။ အရေးမထားနိုင် တာလည်း ရှိနိုင်တာပေါ့။ ဒီမိုကရေ စီရေးအတွက်၊လွတ်လပ်ခွင့်အတွက် တို့ဘာတို့ဆိုတာ ပြောတာလွယ် တယ်။ လက်တွေ့ကျတော့ အကျိုး သက်ရောက်မှု မရှိနိုင်ဘူး။ လူထုကြား ထဲမှာကိုတင် ငါတို့မဲပေးမှုကို ရွေး ချယ်ခွင့်ရှိတာ။ ငါတို့ကြိုက်နှစ်သက် တဲ့သူ ရွေးချယ်ခြင်းဟာ ငါတို့ကောင်းကျိုး အတွက်ပဲ။  ဒါမှ မကြိုက်တဲ့သူ ကို ငြင်းပယ်ရာ ရောက်တယ်။ ဆန့် ကျင်ရာရောက်တယ်ဆိုတဲ့သဘောပဲ။ အစိုးရပိုင်းဆိုင်ရာ တာဝန်တွေ ဆိုတဲ့အထဲမှာ လျှို့ဝှက်မဲဖြစ်ရမယ် ဆိုတဲ့ အချက်   ပေါ့။ မဲပေးမှုကို လျှို့ ဝှက်မဲပေးမှုဖြစ်အောင် လုပ်နိုင်တယ် ဆိုရင်ကို လူထုရဲ့ဆန္ဒမှာငါတို့ကြိုက် တဲ့သူ ငါတို့ရွေးခြင်းဟာ သူ့ရဲ့ ဆန္ဒ မဲပေးမှုကို တိတိကျကျ လုပ်ပေး မယ်ဆိုရင်ဒါဆိုရင်အများကြီးအောင် မြင်သွားနိုင်တယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေနဲ့ ပြောရင်တော့ ပါတီရဲ့ဦးတည်ချက်တို့ ရည်ရွယ် ချက်တို့၊ လုပ်ငန်းစဉ်တို့ ဒါတွေ အတိုင်း ကျွန်တော်တို့ကလုပ်မှာပဲ။ ကျွန်တော်တို့က လူထုဘက်က လုပ်မှာပေါ့ဗျာ။ လူထုဘက်ကလည်း အဲဒီလိုလုပ်မှ။ နောက်တစ်ခုနိုင်ငံရေးပါတီ တွေပေါ့။ ပါတီတွေကလည်း ရွေး ကောက်ပွဲအောင်မြင်ဖို့အတွက် အစိုး ရတို့အဖွဲ့အစည်းတို့ကို လွတ်လပ် တရားမျှတတဲ့ ဟာဖြစ်ဖို့  ရင်ဆိုင်နိုင်ရ တယ်။ တွန်းအားပေးနိုင်ရတယ်။ မတရားတဲ့ရွေးကောက်ပွဲဖြစ်နေရင် ပါတီအနေနဲ့ တိုက်ပွဲဝင်ရတဲ့ဟာ တွေရှိတာပေါ့။ ဒါတွေကို ပါတီဘက် က မိမိတို့ရဲ့ရည်မှန်းချက်၊ လုပ်ငန်းစဉ် သို့မဟုတ်   ရွေးချယ် ထားတဲ့လူ ကို လွတ်လွတ်လပ်လပ်မဲဆန္ဒ ပေး နိုင်အောင် မိမိတို့ကိုယ်တိုင်က အားထုတ်ရမယ်။ ပါတီကအား မထုတ်ဘဲနဲ့ ခေါင်းငုံ့ခံနေမယ်ဆိုရင် ရွေး ကောက်ပွဲမှာ တရားမျှတမှုတို့ လွတ် လပ်မှုတို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပါတီတွေဘက် ကတော့ ရွေးကောက်ပွဲမတိုင်ခင် ကာလရော၊ ရွေးကောက်ပွဲ ကာလ ရော၊ ရွေးကောက် ပွဲပြီး ကာလရော ကာလသုံးပါးစလုံး တာဝန်ရှိတယ်။ ရွေးကောက်ပွဲကြို ကာလမှာ ကိုယ့်မဲ ဆန္ဒရှင်ကို စည်းရုံး လှုံ့ဆော် ဖို့ပေါ့။ ဒီမိုကရေစီရေး လုပ်ဆောင်မှု ကို အားပေး ဖို့ပေါ့။ ရွေးကောက်ပွဲ ကာလမှာလည်း လွတ်လပ်စွာ မဲ ပေးခွင့်ကို အဟန့်အတားဖြစ်စေရင် ပါတီက တိုက်ပွဲဝင် ရမှာပဲ။ ပါတီအဖွဲ့ အစည်းတွေက မလုပ်ရင် လူထုက ဘာလုပ်မှာလဲ။  ရွေးကောက်ပွဲပြီး ကာလမှာလည်း တရားမျှတမှုမရှိ ဘူးဆိုရင် ကန့်ကွက်ရမှာပဲ။ ပါတီ အနေနဲ့ ကန့်ကွက် လို့မရဘူးဆိုရင် နိုင်ငံတကာက သိအောင်လို့   ဖော် ထုတ်တဲ့ဟာတွေ လုပ်ရမယ်။ လူထု ကို စည်းရုံးပြီး လူထုကိုဦးအောင်ပြီး ရွေးကောက်ပွဲမသမာမှုကို လူထု ဆန္ဒပြပွဲတွေလုပ်သင့်ရင် လုပ်ရမှာပဲ။ မတရားမှန်း သိရဲ့သားနဲ့ ငုံ့ခံနေ တာမျိုးမလုပ်သင့်ဘူး။ ရွေးကောက် ပွဲဆိုတာက ညစ်မယ်ဆို ညစ်နည်း မျိုးစုံရှိတာပဲ။  ကျွန်တော် အမြဲပြောတဲ့ လွတ်လပ်မှုနဲ့သန့်ရှင်းမှု ဆိုတာ သန့်ရှင်း တဲ့ ရွေးကောက်ပွဲမလုပ်ရင် လွတ်လပ် မှုဆိုတာလည်း မရှိနိုင်ဘူး။ အလား တူပဲ လွတ်လပ်မှုကို ထိပါးရင် သန့် ရှင်းမှုက လျော့တာပဲ။ ဒါကြောင့်မို့ လည်း လွတ်လပ်သန့်ရှင်း တဲ့  ရွေး ကောက်ပွဲကျင်းပတဲ့အခါမှာ လူတွေ ဟာ နှစ်ခုစလုံးကို ဘယ်ဟာမှအမှား မခံဘူး။ လွတ်လပ် သန့်ရှင်းမှုကို ကိုင်ဆွဲမှ၊ ကျင့်သုံးမှ ရွေးကောက်ပွဲ ဟာ အောင်မြင်နိုင် မယ်။

ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ)
ဦးမောင်မောင်ဝင်း(တရားလွှတ်တော်ရှေ့နေ)
ဒီကြားဖြတ်ရွေးကောက်ပွဲက အများမြင်သာအောင် တရားမျှတ မှုရှိအောင်တော့ ဆောင်ရွက်လိမ့် မယ်လို့ မျှော်လင့်ရတာပဲ။ သို့သော်လည်း တကယ်တရား မျှတတဲ့   ရွေး ကောက်ပွဲတစ်ခုဖြစ်ဖို့ဆိုရင်တော့ သတ်မှတ်ထားတဲ့ ဥပဒေလုပ်ထုံး လုပ်နည်းတွေအရ ကျင်းပဖို့တော့ လိုမယ်။ တရားမျှတကြောင်းကို အများမြင်သာအောင်   ဆောင်ရွက်ဖို့ လည်း လိုပါတယ်။ ဒီနေရာမှာ နံပါတ်တစ် အချက်က လုပ်ထုံးလုပ် နည်းနဲ့အညီ မှန်ကန်တဲ့မဲစာရင်းကို ပြုစုဖို့ လိုမယ်။ ကြိုတင်ပြီးတော့ ဥပဒေနဲ့အညီ   ကြေညာထားဖို့လို မယ်။ အဲဒီတော့ ပြဿနာရှိတာက ကြိုတင်မဲမှာပြဿနာရှိတယ်။ ကြို တင်မဲနဲ့ပတ်သက်လာလို့ ဒီဟာဟာ အင်မတန်မှ မလွှဲမရှောင်သာတဲ့ ကိစ္စရှိ လာတဲ့အပေါ်မှာ ခရီးလွန် တယ်။ ကျန်းမာရေးအခြေအနေအရ မပေးနိုင်ဘူး။ အဲဒီလိုကြိုတင်မဲယူတဲ့   နေရာမှာလည်း အများ   မြင်သာအောင် ဆောင်ရွက်ဖို့ လိုလိမ့်မယ်။ ကြိုတင် မဲယူပိုင်ခွင့်ရှိသူများ ကြိုတင်မဲယူတဲ့ အခါမှာလည်း သက်ဆိုင်ရာရွေး ချယ်ခံမယ့် ပါတီတွေလည်း သိဖို့ လိုတယ်။ ကြိုတင်မဲတွေရေတွက် တဲ့နေရာမှာလည်း အများရှေ့မှာ ရေတွက်ဖို့လိုတယ်။ မဲပေးတဲ့ မဲရုံ တွေမှာ လည်း အများမြင်သာအောင် ရေတွက်တာတို့ လုပ်ရမယ်။ မဲစာ ရင်းကြေညာတာလည်း အခြေအနေအရ  နောက် တစ်နေ ကူးရသည့် တိုင်အောင် မဲရေတွက်မှုကို အများ ရှေ့မှာပဲ ဆောင်ရွက်ဖို့လိုတယ်။ နောက်တစ်ခုက ဖြစ်နိုင်ရင် သတင်း မီဒီယာတွေနဲ့   လေ့လာချင် သူ  တွေကို   ပြည်တွင်းပါမက ပြည်ပပါလေ့လာ နိုင်အောင် လုပ်ပေးရမယ်။ ကြား ဖြတ်ရွေးကောက်ပွဲရဲ့ အကျိုးသက် ရောက်မှုက နောက်လုပ်မယ့်အထွေ ထွေ   ရွေးကောက်ပွဲကြီးကျရင် အထောက်အကူ ဖြစ်နိုင်တယ်ပေါ့။
ဆရာမောင်ဝံသ(စာရေးဆရာ၊ သတင်းစာဆရာ)
အဓိကလိုအပ်တာတော့ လွတ် လပ်ပြီးတရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်တယ်ဆိုတာကို အစစ်ဆေးခံ ရဲရမယ်။ မှတ်ကျောက်တင်ခံ ရဲရ မယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ   ရွေးကောက် ပွဲကျင်းပတာဟာ စစ်ကောင်စီက တာဝန်ရှိတဲ့သူတွေက ခန့်အပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က ကျင်းပ တယ်။ စစ်ကောင်စီရဲ့ သြဇာလွှမ်း တယ်ပေါ့။ ပြီးတော့ အဲဒီအချိန်မှာ နိုင်ငံတကာလေ့လာရေးအဖွဲ့တွေ၊ ပြည်တွင်းပြည်ပ လေ့လာရေးအဖွဲ့ တွေ၊ စောင့်ကြည့်တဲ့အဖွဲ့တွေကို စောင့်ကြည့်ခွင့်ပေးပါဆိုပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုယ်တိုင်ကလည်း တောင်းဆို တယ်။ အဲဒါတွေလုံးဝ ပယ်ချငြင်း ပယ်ခဲ့တယ်။ အဲဒါ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင် မဖြစ်သင့် ဘူးထင်တယ်။ ဒါဘာဖြစ်လဲဆိုရင် ကိုယ့်ဘက်က ကိုယ်လုံတယ်ဆိုရင် ဘယ်သူပဲ လာကြည့်ကြည့်ပေါ့။ မှန်ကန်ရင်ဘာမှ ကြောက်စရာ လည်းမရှိဘူး။   စောင့်ကြည့်တဲ့ အဖွဲ့ တွေက ကိုယ့်ကိုနှောင့်ယှက်လို့ လည်းမရဘူး။ တကယ့်ဖြစ်ရပ်တွေ ကို မှတ်တမ်းတင်တာပဲ။ သူက ဒါကိုလာပြီး စွက်ဖက်တာလည်း မဟုတ်ဘူး။ ဒါကို မလိုအပ်ဘူး ဆိုပြီးတော့ လုပ်လိုက်တော့ Credibility (အများယုံကြည်လက်ခံနိုင်မှု) အရ အများကြီးလျော့သွားတယ်။ အဲဒီလို Credibility လျော့တာနဲ့ အတူတူပဲ။ ၂ဝ၁ဝ   ရွေးကောက်ပွဲ မှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအများကြီး ထွက်လာ တယ်။ အဲဒီတော့ အဲဒီလို မဲမသမာ မှုတွေထွက်တော့ အမှုအခင်းဖြစ်တာ နဲ့ပဲပြောပြီး၊ အမှုအခင်း ဘယ် လောက်ဖြစ်သလဲပြောရင် ဒါနဲ့ မလုံလောက်ဘူး။ ဥပမာ အာမခံ ငွေတင်ရတယ်ဆိုတာလည်း နည်း တာမဟုတ်ဘူး။ ၁ဝ သိန်းတင် ရတာ။ ဆုံးဖြတ်တဲ့ အခါကျတော့ အဲဒါတွေက ဆုံးရှုံးမယ်။ ဆုံးတော့ မဲလည်းရှုံးတယ်၊ ငွေလည်းဆုံး တယ်။ ဒီအနေအထားမျိုးကို မလုပ် ချင်တော့တဲ့အတွက် အမှုဖွင့်မှု မ များတာပေါ့လေ။ အဲဒီလိုအနေအ ထားမျိုးတွေ ကျွန်တော် သုံးသပ် မိတယ်။ အခု ၂ဝ၁၂ မှာ ကြား ဖြတ်ရွေးကောက်ပွဲ လုပ်တဲ့အချိန်က စပြီးတော့ Credibility ကို ယူစမ်း ပါ။ တကယ့်ကို အစစ်အဆေးခံရဲရ တယ်။ ကျုပ်တို့ဒါကိုမှန်မှန်ကန်ကန် လုပ်တယ်ဆိုတာကို လူတိုင်းက အမှတ်ပေးတာကိုး အမှတ်ပေးပြီး တော့ ယုံကြည်စိတ်ချပြီး ထောက်ခံတဲ့   ရွေးကောက်ပွဲမျိုး ဖြစ်စေချင် တယ်။ အဲဒါ ဘာလဲဆိုရင် ပြည် တွင်းပြည်ပစောင့်ကြည့်ရေးအဖွဲ့တွေ အချိန်မရွေးလာစောင့်ကြည့်။ အဲဒီ လို လွတ်လွတ်လပ်လပ်ဖွင့်ပေးလို့ရှိ ရင် ကမ္ဘာ့အလယ်မှာလည်း အင် မတန်မှ တင့်တယ်ပါတယ်။ ဒါမှ အပြောလွတ်သွားမှာပေါ့။ နောက် တစ်ခါရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌပြောထားသလို သူတို့ဘက် ကလည်း တကယ့်ကို လွတ်လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တကယ်ပြည့်ပြည့်ဝဝဖြစ်အောင် လုပ်မယ်လို့ မျှော်လင့်တယ်။ အဲဒီ လိုလုပ်မယ်လို့ ဆုံးဖြတ်ထားပြီး တကယ်လည်း အကောင်အထည် ဖော်မယ်ဆိုရင်တော့ ပြည်တွင်း ပြည်ပ စောင့်ကြည့်ရေးအဖွဲ့တွေကို လက်မခံစရာ အကြောင်းကို မရှိတော့ဘူး။

No comments:

Post a Comment