Friday, January 20, 2012

တစ်မျိုးသားလုံး ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ What does Gross National Happiness (GNH) mean

တစ်မျိုးသားလုံး ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ What does Gross National Happiness (GNH) mean?

MEAN မှာတင်ဖို့ ရည်ရွယ်ပြီးရေးထားပါတယ် အခုတော့ ဖဘ က ဘော်ဘော်တွေ ပါ လိုရအောင် တင် လိုပါတယ် ဖတ်လိုရ ဖတ် မဖတ်လိုက မဖတ်ပါနဲ့ ကောင်းလိမ်မည်ဟု အာမ မခံ :P

ဘူတန် (Bhutan) နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်ရေးလမ်းစဉ်ညွန်ကြားချက် အတွေးအမြင်အရဖြစ်သော တစ်မျိုးသား လုံး ပျော်ရွှင်ခြင်းကို ဘူတန်ဘုရင် (His Majesty King Jigme Singye Wangchuck) က ၁၉၇၂ ခုနှစ် သူ. နန်းတက်အခမ်းအနားအပြီးတွင် တရားဝင်ကြေငြာခဲ့သည်၊ ဤအချက်နှင့် ပတ်သက်ပြီး အသေးစိတ် ဆောင်ရွက်ရမည့် အချက်များ ဖွံဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရမည့်အချက်နှင့် ကျင့်ကြံရမည့် အချက်များ ကို ဆယ်စုနှစ်မက သင်တန်းများနှင့် ပို့ချချက်များ ပြုလုပ်ခဲ့သည်၊
ပထမဆုံးအနေဖြင့် တစ်မျိုးသားလုံးပျော်ရွှင်ခြင်း ဆိုသောအချက်သည် ခန္ဓွာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ အကောင်းမွန်ဆုံး ဖြစ်တည်နိုင်ဖို့ရန်အတွက် လူသားတိုင့်း လိုအပ်သော အဓိက အရေးကြီးသည့် အချက်ဖြစ်သည်။
ဆိုလိုသည်မှာ ကိုယ်ခန္ဓာကောင်းမွန်စွာ တည်ရှိနေထိုင် နိုင်ဖို့ရန်အတွက် ရုပ်ဝတ္တုများ တိုးတက်လာအောင် ကူညီဖြေရှင်းလုပ်ဆောင်နေချိန်တွင် စိတ်အခြေနေသည် ခန္ဓာကိုယ်ထက် ပိုမိုအရေး ကြီးနိုင်ပြီး ရုပ်ဝတ္တုဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုတည်း ပိုမိုကောင်းမွန်လာစေ ခြင်းအားဖြင့် အချက်ကို မဖန်တီးပေးနိုင်ချေ၊
ပထမအချက်နှင့် ဆက်စပ်ပြီး ဒုတိယအချက်အနေနှင့် တစ်မျိုးသားလုံးပျော်ရွှင်ခြင်းသည် =သတျွှပ သိစိတ်ကို ရှာဖွေပြီး။ အတွင်းစိတ်ဆန္ဒ ပျော်ရွှင်မှုကိုရှာဖွေခြင်း ပြင်ပပတ်ဝန်းကျင်များ တိုးတက်လာခြင်းနှင့် လိုက်လျောညီထွေသည့် အကျိုးရှိသော စီမံခန်ဏ္ဍခွဲမှုနှင့် အောင်မြင်မှုတို့တွက် လိုအပ်သည့် နည်းလမ်းများကို ရှာဖွေခြင်းဖြစ်သည်၊

•တတိယအနေနဲ့ တမျိုးသားလုံးပျော်ရွှင်ခြင်းသည် တစ်ဦးတစ်ယောက်က အသိမှတ်ပြုဖို့ရန်အတွက် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်မှုတခုအဖြစ် မချဉ်းကပ်။ မတွေ့မြင်သင့်ပေ။ဤအချက်မှာ “ပျော်ရွှင်ခြင်းသည် အဖွဲဏ္ဍအစည်းတစ်ခုလုံး ပိုမိုကောင်းမွန်လာခြင်းမှတစ်ဆင့် တစ်ဦ်းတစ်ယောက်စီ. တည်မြဲသောပျော်ရွှင်မှုကို ရည်ရွယ်ဆောင်ရွက်သော အချက်တွင် တွေရှိနိုင်သည် ” ဟူသော ခံယူချက်ကို ထောက်ပြနေသည်၊ ပိုပြီးသိရှိရမည့် အချက်မှာ ပျော်ရွှင်ခြင်းသည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကဲ့သို့ တိုက်ရိုက်ဖြန့်ဖြူး ဝေမျှနိုင်သော အချက်မဟုတ်ပေ၊ နိုင်ငံတော် တိုက်ရိုက်လုပ်ကိုင်မည့်နည်းလည်း မဟုတ်ပဲ တစ်ဦးတစ်ယောက်စီ. သီးသန့်တာဝန်ယူ သိတတ်ခြင်းများလည်း ပါဝင်သည်၊ ထိုအချက်အတွက် အယောက်စီတိုင်း တာဝန်ယူသိတတ်မှုများမရှိပဲ ယှဉ်ပြိုင်နေမည်ဆိုပါက အဖွဲ့အစည်းတစ်ခုကို ပျော်ရွှင်နိုင် မည်မဟုတ်ပဲ နောက်ဆုံးတွင် အနိုင်နှင့်အရှုံးသာရှိသည့် ကစားပွဲတစ်ခုလိုသာ ဖြစ်လိမ့်မည်ဟု လေ့လာ သုံးသပ်နိုင်သည်၊ ဘုရင်အနေဖြင့် ယုံကြည်သည်မှာ ပြည်သူလူထု ဘဝရှင်သန်ရေး ရည်ရွယ်ချက် များနှင့်  တစ်ဦးချင်းစီ. အရေးကြီးသောပန်းတိုင် ဦးတည်ချက်ရရှိရေးအတွက် လွတ်လပ်စွာ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ တိုးတက်လာရေးကို တရားဝင်အစိုးရအနေဖြင့် လွယ်ကူသက်သာသောနည်းလမ်းနှင့် အခြေခံသံဓိဌာန်ချမှုများ ဖြစ်ပေါ်လာစေရေး အတွက် စတင်အကောင်အထည် ဖေါ်ပေးရမည်ဟု ဆိုသည်၊ နောက်ဆုံးအနေဖြင့် တစ်မျိုးသားလုံး ပျော်ရွှင်ခြင်းဆိုသည်မှာ “အဖွဲ့အစည်းလိုက် ပျော်ရွှင်ခြင်း ရရှိနိုင်ဖို့ရန်အတွက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လုပ်ငန်းစဉ်မျာ့း ပျော်ရွှင်ခြင်းသည် အဓိကကျသော စံနှုန်းထားတစ်ခု ဖြစ်လာစေရေးကို ပြည်သူ့ကျင့်စဉ်ဝါဒများတွင် တိုက်ရိုက်ထည့်သွင်းရမည်” ဟု ဖိအားပေးသည်၊
စတုတ္တအနေဖြင့် ပျော်ရွှင်ခြင်းသည် တစ်ဦ်းခြင်းစီနှင့် အဖွဲ့အစည်းလိုက် အားလုံးက တမ်းတ လိုလား နေသော ဆန္ဒဖြစ်သည်နှင့်အမျှ တစ်မျိုးသားလုံး ပျော်ရွှင်ခြင်းကို အခြေခံသည့် ပြည်သူ ကျင့်စဉ် ဝါဒများသည် စီးပွါးရေးလုပ်ငန်းကို အခြေခံသည့် အချက်များထက် အာဏာရှင်ဆန်ဆန် အုပ်ချူနေမှုကို ပိုမိုလျော့ နည်းစေသည်၊

No comments:

Post a Comment