Friday, January 20, 2012

ညောင်ညိုစခန်းအလှမ်းမဝေးတော့ပါ

ညောင်ညိုစခန်းအလှမ်းမဝေးတော့ပါ


အကြောင်းကျိုးပြေလို့
ဒေါင်းအိုးဝေတွန်
မကောင်းအဆိုးတွေလွန်
နွံထဲကလွန်ဆွဲသလို
အလွန်အကျွံဆွဲလို့တက်လာရပေမဲ့
သက်သက်သာသာမနေနဲ့
ရှေ့ဆက်ချီတက်မဲ့ကမ္ဘာမြေမှာ
မြန်မာတတွေ အနေလှဖို့
အသေချ ရပေအုံးမယ်။



လွတ်လပ်တဲ့မြန်မာမြေ
အမှန်မသွေ ဖြိုးသစ်ဖို့
ဆိုးညစ်တဲ့စံနစ်ကိုဖြို
ယိုနေတဲ့ဆီယိုပေါက်ကိုပိတ်
ဖိတ်သွားတဲရတနာတွေပြန်စု
မကောင်းမှုပြုတဲ့လူစုတွေကိုဖယ်
တကယ်အနစ်နာခံမဲ့သူတွေကိုရှာ
ဘာအခွင့်ရေးတွေလာပေးပေး
ဘာလဒ်လ်လာဘတွေလာကျွေးကျွေး
အဝေးကရှောင် အတွေးကမယောင်
အမှောင်ကိုခွင်း အလင်းဆောင်တဲ့စိတ်
တဖိတ်ဖိတ်တောက် တလှိမ့်လှိမ့်ရောက်မှ
ထွန်းပေါက်တဲ့ပြည်မြန်မာ ဖြစ်လာရမှာ
သာတူအခွင့်ရေး လူတိုင်းပေးမှ
ငြိမ်းအေးတဲ့ပြည်ရွာ ဖြစ်လာမှာ
သို့မှသာ မဆုတ်မနစ်တဲ့ ဒီမိုကရေစီအစစ်
ပြည်သစ်မှာအညီ တည်ရစ်ပါမည်။

No comments:

Post a Comment