Friday, January 20, 2012

အပျော်ဆုံးနေ့

အပျော်ဆုံးနေ့


ခွပ်ဒေါင်းတတွေ လွတ်ကြောင်းကြံ
လွတ်ကြောင်းအမှန်ရလာတဲ့ခါ
ခွပ်ဒေါင်းအသွင်မှ
ကဒေါင်းအသွင်ပြောင်း
အမြင်ကောင်းကောင်း
အသွင်မစောင်းဘဲ
ပျော့ပျောင်းတဲ့အကနဲ့
ကော့ညောင်းအောင်ကလိမ့်မယ်။

ငြိမ်းချမ်းရေးဂျိုငှက်လည်း
ထိုးထွက် ပျံတက်
ကောင်းကင်အထက်မှာ
တောင်းပံခါယှက်
မြန်မာပြည်အပြင်ဘက်
ကမ္ဘာ့အပြင်ဘက်ထိ
ပျံတက်ပြီး ငြိမ်းချမ်းရေးတေး
ဟစ်ကြွေးသီဆိုပါတော့မယ်။



အလီလီ အခါအခါ မျှော်စားခဲ့တဲ့
ပြည်သူပြည်သား လူအများလည်း
တအားဝမ်းမြောက်
ခြေစုံပေါက်ပြီး
တောက်တောက်လဲလဲ
အပျော်ဆုံးနေ့ပဲလို့
တခဲနက် ရွှင်ချို
ကြိုဆိုနေကြပြီ။

ဘ၀သုသဗ္ဗမင်္ဂလာ
အဖြာဖြာသည်
မြန်မာပြည်အတွက်ဖြစ်ပါစေ။

No comments:

Post a Comment