Friday, January 20, 2012

ရှစ်ဆယ့်ရှစ်မျိုးဆက်များသို့ အကြံပြုချက်

- ရှစ်ဆယ့်ရှစ်မျိုးဆက်များသို့ အကြံပြုချက်


မြန်မာပြည်သူများအတွက် အပျော်ရွင်ဆုံးနေ့ တနေ့  ကို မထင်မှတ်ပဲရောက်ရှိခဲ့ရပေသည်၊ထို နေ့ သည်ကား တကမ္ဘာလုံးမှ လိုလား တောင့်တနေသည့်နေ့ တနေ့ အဖြစ်လည်း မှတ်တမ်း တင်နိုင်ခဲ့ ပေသည်၊
ပြည်သူတရပ်လုံးရင်တွင်းမှ ၀မ်းသာကြည်နူးမှုဖြစ်နေသည့် ပီတိများ၊ ကြေ နပ်အား ရမှုများကိုလည်း သူတို့ မျက်နှာများပေါ်တွင် ဖေါ်ပြ နေကြသည်ကို အထင်း သားမြင် တွေ့ နိုင်ကြပေသည်၊
ကျနော်တို့ သည်ပင်လျှင် အင်တာနက်စာ မျက်နှာများ၊ သတင်း မီဒီ ယာ များ အပေါ်မှ အသံဖိုင်များ၊ ဓါတ်ပုံများကို ကြည့်ရင်းနှင့် ကြည်နူးမှု မျက်ရည်များ၊ မျှော်လင့် ချက်မျက်ရည်များ ရစ်ဝဲခဲ့ရပေသည်၊
တိုင်းပြည် အနာဂါတ် အတွက် ဖြစ်ပေသည်၊ အင်အား များပိုမို၍ တောင့်တင်းခိုင်မာလာသည်ဟု ယုံကြည်မိ လိုက်ပေ သည်၊ထိုနေ့ သည်ကား ပြည် သူ ကလေးစားချစ်ခင် အားကိုးသည့် ရှစ်လေးလုံး မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ 


အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာသည့် (၂၀၁၂ ခုနှစ် ၊ဇန္န၀ါရီလ၊ ၁၃ ရက်နေ့ ) ပင်ဖြစ်တော့သည်။




ကျနော်တို့ နိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းကို ပြောင်းလဲချီတက်နေသည်ဟု လက်ရှိ အစိုးရမှ တွင်တွင်ကြီးပြော နေပေသည်၊
တကယ်လည်း ပြောင်းလဲလို စိတ်ရှိနိုင်သည်၊
ပြောင်းလဲမှပင်ဖြစ်တော့မည့် အခြေအနေကိုလည်း သိထားပုံပေါ် နေသည်ဟုယူဆ မိပါသည်၊
သို့  အတွက် ပြည်သူလူထုကို အမှန်တကယ်ချစ်သော၊ ပြည်သူဖက်မှရပ်တည်ပြီး ကိုယ် ကျိုး မဖက် လုပ်ကိုင်မည့် အတွေးခေါ်ရင့်ကျက် ထက်မြက်သည့် နိုင်ငံရေး သမားကောင်းများ အ လွန် လိုအပ်သည့် အချိန်ကာလဖြစ်နေပေသည်၊

ကျနော်တို့ ဝမ်းမြောက်ဖွယ်ရာ ရှိပါသည်၊
ထိုကဲ့ သို့ အရည်အချင်းများကို ပိုင်ဆိုင်ထားသည့် သူများမှာ မကြာခင်က အကျဉ်းထောင် အ သီးသီးမှ ပြန်လည်လွတ်မြောက်လာသည့် ရှစ်လေးလုံးမျိုးဆက် ကျောင်းသား ခေါင်းဆောင် များပင် ဖြစ်ပါသည်၊
ကျနော်အနေဖြင့် ထိုခေါင်းဆောင်များအထဲမှ တချို့ သူများနှင့် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က အတူလုပ်ဖေါ်ကိုင်ဖက် အဖြစ် သူငယ်ချင်း အဖြစ် ခင်မင်ခဲ့ဘူးပါ သည်၊ နိုင်ငံရေး လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးတို်င်ပင်ခဲ့ ဘူးပါသည်၊
ထိုစဉ်ကာလ ကပင် သူတို့  တွင်လေးစားစရာ၊အတုယူစရာ ခေတ်နှင့် လိုက်လျှော ညီစေသော တွေးခေါ်မှုများကို ပိုင်ဆိုင် နေကြပြီး ဖြစ်ပါသည်၊

ကျနော်အလွန်လေးစားခဲ့မိပါသည်၊ ယနေ့ တွင်နှစ်ပေါင်းများစွာ ကြာမှ သူ တို့  ရဲ့ တို်င်းပြည်အပေါ်ကို ထားတဲ့ စေတနာများ ကို ပြန်လည် ကြားခဲ့ ရသည့်အခါ တွင်လည်း ပို၍ပင် လေးစားမိပါသည်၊

ပိုမိုရင့်ကျက်လာသည့် နိုင်ငံရေး သမားများ အဖြစ် ထင်ရှား လာခဲ့ ပေသည်
(ကျနော့အနေဖြင့် အရင်ဆောင်းပါးတပုဒ်တွင် ထိုသူများမှာထောင် ထဲတွင် ထားရ သူများမဟုတ် တို်င်းပြည်ရတနာ များဖြစ်ပါသည်)ဟု ရေးခဲ့ဘူးပါသည်၊

တကယ်လဲ ဖြစ်နေပါ သည်၊ ကျနော့အနေဖြင့် ထိုထိုသော ကျောင်းသား ခေါင်းဆောင်များကို လေးစားရင်းဖြင့် ကျနော်စိတ်တွင် ဖြစ်စေချင် သည့် အရာများကို ဆောင်းပါးအပုဒ်အဖြစ် ရေးသားချင် စိတ်များဖြစ် အောင်စေ့ဆော်ပေးလိုက်ပါသည်။

ကျနော်တို့တိုင်းပြည်တွင် ပြည်သူလွတ်တော် နှစ်ရပ်နှင့် အစိုးရအဖွဲ့ ဆိုသည်မှာ လိုချင် သည် ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ထင်ရှားစွာ ရှိနေသည်ကိုတွေ့ ရပေသည်၊

ထိုအထဲ တွင် တိုင်း ပြည် နှင့် ပြည်သူလူထုအပေါ်ကို အမှန်တကယ် အလုပ်အကျွေးပြုမည့် ပြည်သူ့  ကိုယ်စား လှယ်များ အလွန်နည်းပါး နေသည်ကို ပြီးခဲ့သည့် လွတ်တော် အစည်း အဝေးများကိုအကဲ ခတ်ခြင်းဖြင့် မြင်တွေ့ နိုင်ပါသည်၊

ပြည်သူ့ ဖက်ကလိုအပ်ချက် ကိုတင်ပြ ဆွေးနွေး သည့် ကိုယ် စား လှယ် မှာမပြော ပလောက်ပင်ဖြစ်ခဲ့ပေသည်၊
ပြည်သူ့ ကိုယ်စား လှယ်ဆို သည်မှာ ပြည်သူ့  က မိမိတို့ ကိုယ်စားပြောပေးမည့်သူကိုဆိုလိုပါသည်၊ကိုယ်စားလှယ် အစစ်အမှန်များကို လိုချင် ကြနေပါသည်၊။




.မဆလ ခေတ်မှာဆိုရင် လက်ညှိုးထောင် ခေါင်းညိမ့် ကိုယ်စားလှယ်၊ယနေ့  ကိုယ်စား လှယ် များမှာ မဲခွဲလျှင်အထိုင်အထလုပ်ရပါသည်၊

ထို့ ကြောင့်အထိုင်အထ သာလုပ် တတ် သည့် ကိုယ် စား လှယ်က အများ စုဖြစ်နေပြီး ဘာဥပဒေမှ၊ဘာလိုအပ်ချက်ကိုမှ တင်ပြ ဆွေးနွေး ခြင်း မရှိ သည့် အတွက် လွတ်တော်ဥက္ကဌမှပင် ဆွေးနွေးဖို့ ပြောလာရသည့် အထိ ပင်ဖြစ်ခဲ့ပေ သည်၊

ထိုကဲ့ သို့ ကိုယ်စားလှယ်များ လွတ်တော်တွင် ရှိနေသ၍ ပြည်သူများ နစ်နာနေ အုံးမည် ဖြစ်ပါ သည်၊
အားလုံးမှာ လေ့လာသူများ အဆင့်နှင့်သာတူညီပေနေသည်ကို တွေ့ ရပေသေည်။

ထိုကဲ့သို့ သော အထိုင်အထ လွတ်တော်ကိုယ်စားလှယ်များနေရာတွင် ဒီမိုကရက် ကိုယ်စား လှယ် များဖြင့်အစားထိုးရပေမည် သို့ မှသာ ပြည်သူအတွက်ဖြစ်လာပါမည်၊

ထို့ ကြောင့် မိမိ တဦးတည်း သဘောထားကို တင်ပြလိုပါသည်၊ရှစ်ဆယ့်ရှစ် မျိုးဆက် ခေါင်းဆောင် များ အနေဖြင့် လွတ်တော်ပြင်ပ နိုင်ငံရေးကိုပဲ မလုပ်စေချင်ပါ၊

လွတ်တော်အတွင်းသို့ ဝင်ရောက် စေလိုပါသည်၊ လွတ်တော်ပြင်ပ နိုင်ငံရေးကို လွတ်တော်အမတ်များလည်း လုပ်ကိုင်နိုင်ပါ သည်၊

လွတ်တော်တွင်းနိုင်ငံရေးကိုတော့ ပြည်သူများဝင် ရောက်မလုပ်ကိုင်နိုင်ပါ၊
လွတ် တော်ပြင်ပ နိုင်ငံရေးကို ပြည်သူများဦးဆောင်နိုင် ပါသည် (ဥပမာ မြစ်ဆုံ ကိစ္စတွင် မည်သည့် နိုင်ငံရေးသမားကမှ ဦးဆောင်ခြင်း မဟုတ်ပါ ပြည်သူတွေကသာ ဦးဆောင်ခဲ့ပါသည်) ။

သို့ အ တွက် စိုးရိမ်စရာမရှိပါ၊ စိုးရိမ်ရသည်မှာ လွတ်တော် တွင်းနိုင်ငံ ရေးဖြစ်ပါ သည်၊
အသက် အရွယ် အားဖြင့်ရော အရည်အချင်းအရပါတိုင်းပြည် အတွက် အကျိုးရှိမည့် အချိန် အခါဖြစ် ပါသည်၊

ဒီနေရာတွင်တင်ပြလိုသည်မှာ ကျနော်တို့ သည် ရှစ်ဆယ့်ရှစ် သပိတ်မှောက် ကျောင်းသား အဆင့်တွင် မရပ်နေသင့်တော့ပါ၊
ထို့ အတူမည်သည့်ပါတီကိုမှလည်း ၀င်စရာ မလိုပါ၊ ကိုယ်တိုင်ပါတီထောင်ပြီး နိုင်ငံရေးကို ကောင်းကောင်း လုပ်နိုင်သည့် အခြေနေ ဖြစ်ပါသည်၊

ပြည်သူထောက်ခံမှု အပြည့်အ၀ရမည့် အင်အားကြီး ပါတီတရပ်ဖြစ်မှာ သေချာပါ သည်၊
မိမိတို့ပြန်လည်လွတ်မြောက် လာသည့်နေ့ တွင် ပြည်သူများ ကြိုဆိုနေ သည်ကို ကြည့် ချင်း အားဖြင့် မိမိတို့  အင်အား ကိုတွက်ဆ နိုင်ပါသည်၊

ထိုအင်အားများမှာ အင်အားအစစ် များဖြစ်ပါ သည်၊
ပြည်သူမှမိမိတို့  ကိုထောက်ခံနေခြင်းမှာ ရှစ်ဆယ့်ရှစ် တခုတည်း ကြောင့်မ ဟုတ်ပါ ။
ယုံကြည်မှုများ၊လေးစားမှုများ၊ အနာဂါတ်မျှော် လင့်ချက်များဖြင့် ထောက်ခံ နေခြင်း ဖြစ်ပါသည်၊
ယနေ့ ပြည်သူများမှာ နိုင်ငံရေး အမြင်များအလွန်တိုး တက်နေပါသည်၊
ဥပမာ ပြရလျှင် ရှစ်ဆယ့် ရှစ်ဆိုပြီး ကျောင်းသားဟောင်း တစုမှ ပါတီထောင်ခဲ့ပါသည်- သူတို့ မအောင်မြင်ပါ - ကျဆုံးနေပါသည်၊




ပြည်သူမထောက်ခံပါ ဘယ်သူသည် အစစ်အမှန် ဘယ်သူ သည် အချောင်သမားဆိုသည်ကို ပြည်သူသိပါသည်၊
ထိုအချက်ကိုကြည့်ချင်း အားဖြင့်ပင် ပြည်သူ များမှာ နိုင်ငံရေးရေချိန်မည်မျှမြင့်မားသည်ကို ထင်ရှားစွာတွေ့ နိုင်ပါသည်၊

နိုင်ငံရေး သမားသည် ပါတီထောင်ရပါသည်၊လွတ်တော်ကိုသွားရပါမည်၊
လိုအပ်လျှင် သမတ ပင်လုပ် နိင်ရ ပါမည်၊ မိမိဖြစ်စေချင်သည်များကို အပြင်ကနေ တဆင့်ပြောနေမည့်အစား ကိုယ်တိုင် ၀င်ရောက်ပြော ဆိုလုပ်ကိုင်ခြင်းက ပိုမိုသဘာဝ ကျပါသည်၊

ပြည်သူအတွက် အလုပ်အကျွေးပြုဖို့ နိုင်ငံရေးပါတီ ထောင်ခြင်းသည်၊မိမိတို့ ရဲ့ နိုင်ငံရေးသိက္ခာ ကျဆုံးခြင်းကို မဖြစ်စေပါ၊

ကိုကိုကြီး ပြောသလို ကာယကံမြောက်နိုင်ငံရေးကို လုပ်ဆောင်စေချင်ပါသည်၊
ဒီမိုကရေစီတိုင်းပြည်တွင် ပါတီတခုတည်းမှ အင်အားကြီးနေရင် မသင့်တော်ပါ ။
နိင်ငံရေးချိန်ခွင်လျှာ ထိမ်းညှိဘို့  လိုပါ သည်၊ သို့ မှသာ အာဏာရှင်စနစ် မပေါ်ပေါက်မှာ ဖြစ်ပါသည်၊

ထို့ အတွက်ကြောင့်မိမိတို့ ရရှိပြီး သား အရည်အချင်းများကို အခြေနေ အချိန်ခါ အလိုက် အသုံးချစေချင်ပါသည်၊

မိမိတို့ တွင် စည်း ရုံး ရေး စွမ်းအား၊ဦးဆောင်မှုစွမ်းအား၊ ဆွေးနွေးနိုင်မှုစွမ်းအား၊ လုပ်ဆောင်နိုင်မှု စွမ်းအားများ အားလုံးကို ပိုင်ဆိုင်ပြီး သူများဖြစ်ပါသည်၊

ကိုယ်ကျိုးစွန့် ချင်း၊အနစ်နာခံခြင်း၊ တိုင်းချစ် ပြည်ချစ် စိတ်ရှိခြင်း တွေကတော့ အထူးပြောစရာမလိုတော့ပါ၊
သို့ အတွက်ကြောင့် ကျနော့အနေဖြင့် ထပ်မံ တိုက်တွန်းလိုသည်မှာ ရှစ်ဆယ့်ရှစ်မျိုးဆက် များအားလုံး စည်းလုံး ညီညွတ်စွာဖြင့် နိုင်ငံရေး ပါတီတရပ် တည်ထောင်ပြီး နိုင်ငံရေးဖြစ်စဉ်များတွင် ထိရောက်စွာ လုပ်ဆောင် စေချင်ပါကြောင်း လေးစားစွာ တိုက်တွန်း အကြံပြုအပ် ပါသည်။


လေးစားစွာဖြင့် အလေးပြုလျှက်
အာကာထက်
-17-1-2012
ဓါတ်ပုံများကို ယာဟိုးဆာ့ခ်ျ မှ ကူးယူဖော်ပြပါသည်။ (ဟစ်တိုင်)
-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,

No comments:

Post a Comment