Friday, January 20, 2012

ပေါင်းရခက်တဲ့သူ ဘယ်သူလဲ


ပေါင်းရခက်တဲ့သူ ဘယ်သူလဲ


(အာဏာရှင်လိုလူစား အဝေးကရှောင်ရှား)

- သူ့အလိုကိုလိုက်
သူ့အကြိုက်ကိုဆောင်
သူယောင်သလို လိုက်ယောင်
သူဟောင်သလို လိုက်ဟောင်
ကြောင်တောင်တောင် လိုက်
ယောင်ချာချာမိုက်မှ ကြိုက်သတဲ့ဗျာ။

သူ့အပေါ် ရှုမျှော်
တခုနော် ဆန့်မကျင်နဲ့
အခန့်မထင် ဆန့်ကျင်မိလျှင်
သင်ပြုခဲ့ရ ကောင်းမှုမှန်သမျှ
တဒင်္ဂအတွင်း ပျောက်ကွယ်ကင်းမည်။

ရှင်းခွင့်မရ ဆိုခွင့်မပေး
အာဏာလေးနဲ့ အမိန့်ဟစ်ကြွေး
ပြေးရဖို့သာ ပြင်ထားပါလော့။



အပြေးမမြန် ပြေးမသန်လျှင်
အတန်တန်ခံစား အိမ်တောင်မပြန်အား။

ဤလိုလူစား ဘယ်သူများလဲ
မှတ်ထားဒီတသက် အရှောင်ခက်
ရက်စက်သူ့အသွင် အာဏာရှင်။

No comments:

Post a Comment